-
Movie Name
-
Welcome To Waikiki (S1+S2)
-
Year
-
2019
-
Generes
-
Comedy, Drama, Romance
-
Code
-
SKR0085
-
Type
-
Series
-
Size
-
11 GB
-
Country
-
Korea
-
Description
-
Fofပရိတ်သတ်တွေမျှော်နေတဲ့ waikiki season 2ကိုဘဝအမောတွေပြေစေနိုင်ဖို့ fofမှတင်ဆက်ပေးလိုက်ပါတယ် ဒီဒရမ်မာဟာ ဒုက္ခဆင်းရဲတွေကို အပျော်ရွှင်ဆုံးဖြစ်အောင်နေထိုင်ပြီး အကောင်းဆုံးဖြစ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းနေကြတဲ့ Waikiki တည်းခိုခန်းက လူငယ် အမျိုးသား ၊ အမျိုးသမီးတွေအကြောင်း ရိုက်ကူးထားတာပါ။ ပထမအတွဲဟာ ပရိသတ်အားပေးမှု အများအပြားရှိခဲ့ပြီးနောက် ဒုတိယအတွဲမှာလည်း သူတို့ရဲ့ဘဝကိုကြိုးစားဖြတ်သန်းနေတဲ့ အဓိကဇာတ်ကောင်တွေရဲ့ ဟာသဖြစ်ရပ်တွေကို မြင်တွေ့ရမှာပါ။ ☆ထိပ်တန်းသရုပ်ဆောင်ကျွမ်းကျင်မှုတွေ သရုပ်ဆောင်အဖွဲ့ဝင်အသစ်တွေအတွက် ဘာကြောင့်မျှော်လင့်ချက်တွေပိုများစေတဲ့ Welcome to Waikiki ရဲ့ အကောင်းဆုံးအရာအချို့ကို ပထမအတွဲကနေတစ်ဆင့် ရှာတွေ့ခဲ့ကြပါတယ်။ Lee Yi Kyung ဟာ အနည်းငယ်သနားဖွယ်ကောင်းတဲ့ Lee Joon Ki အဖြစ် ဆက်လက်သရုပ်ဆောင်ထားပြီး Kim Seon Ho က အဆိုတော်ဖြစ်ဖို့ ရည်ရွယ်ချက်တွေပြန်ထားခဲ့တဲ့ မအောင်မြင်တဲ့ အနုပညာရှင် Cha Woo Shik အဖြစ်ပါဝင်ထားပါတယ်။ Shin Hyun Soo ဟာ လူငယ်တွေရဲ့ပြဿနာ တွေကိုကိုယ်စားပြုပြီး စိတ်ထားဖြူစင်တဲ့ အမျိုးသား Kook Ki Bong အနေနဲ့ပါဝင်သွားမှာပါ။ Moon Ga Young က လူတိုင်းရဲ့ အချစ်ဦး Han Soo Yeon ၊ Ahn So Hee က အချိန်ပိုင်းအလုပ်တွေရဲ့ဆရာတစ်ဆူဖြစ်ပြီး Joon Ki ရဲ့အတန်းဖော်ဟောင်း Kim Jung Eun အဖြစ်သရုပ်ဆောင်ထားပါတယ်။ နောက်ဆုံးတစ်ယောက် Kim Ye Won ဟာ Waikiki မှာ လူတိုင်းအပေါ်စည်းကမ်းတင်းကြပ်တဲ့ Cha Woo Shik ရဲ့အစ်မ Cha Yoo Ri အဖြစ်သရုပ်ဆောင်ထားပါတယ်။ ☆A dream production team ပထမတွဲမှာ ကြည့်ရှုသူတွေဆီကနေ ရယ်မောသံတွေကို ဆွဲဆောင်ရာမှာ အဆုံးမဲ့ အောင်မြင်ခဲ့ရာမှ ဒုတိယပိုင်းထွက်ရှိလာခဲ့တာ ဖြစ်ပါတယ် ပထမတွဲမှာ ကြည့်ရှုသူတွေဆီကနေ ရယ်မောသံတွေကို ဆွဲဆောင်ရာမှာ အဆုံးမဲ့ အောင်မြင်ခဲ့ပြီး ထုတ်လုပ်မှုဒါရိုက်တာ Lee Chang Min နဲ့ ဇာတ်ညွှန်းရေးဆရာ Kim Ki Ho တို့ဟာ Dream team of laughter လို့ ရည်ညွှန်းခဲ့ကြပါတယ်။ အစီအစဉ်တွဲ ၂ခုကြားက ကွဲပြားမှုတွေနဲ့ ပတ်သက်ပြီး PD Lee Chang Min က ပထမတွဲလိုပဲ ကြည့်ရတာ ပျော်စရာကောင်းမှာပါ လို့ပြောပါတယ်။ ဇာတ်ညွှန်းရေးဆရာက ပထမအတွဲနဲ့ ဇာတ်လမ်းပုံစံ အတူတူပါပဲ ၊ ဒါပေမယ့် ဒုတိယအတွဲက ပိုပြီးရယ်စရာကောင်းပါတယ် ၊ ပြီးတော့ ဇာတ်ကောင်တွေရဲ့ တိုက်ဆိုင်မှုဖြစ်ရပ်အတိုင်းအတာတွေက ပိုပြီးကျယ်ပြန့်ပါတယ် ၊ အထက်တန်းကျောင်းအတန်းဖော် ၃ယောက်မှာဖြစ်လာမယ့် မရေတွက်နိုင်တဲ့ဖြစ်ရပ်တွေကို စောင့်မျှော်ကြည့်ရှုပေးကြပါ ၊ ဇာတ်ကောင်အသစ်တွေအားလုံးက ငယ်ရွယ်ပြီး သူတို့ရဲ့ဘဝတွေမှာ ဖြေရှင်းနေရတဲ့ ပြဿနာတွေရှိပေမယ့် သူတို့ရဲ့ အိပ်မက်တွေနောက်ကိုလိုက်ဖို့ အားထုတ်မှုနဲ့ ဝါသနာတွေ ရှိပါတယ် ၊ လူငယ်တွေရဲ့ အားထုတ်မှုကောင်းတွေဟာ အခက်အခဲတွေကို ဘယ်လိုကျော်လွှားနိုင်တယ်ဆိုတာကို ပြသချင်ခဲ့ပါတယ် လို့ပြောခဲ့ပါတယ်။ ပရိသတ်တွေကို ဝါးလုံးကွဲရယ်မောစေပြီး စိတ်ဖိစီးမှုတွေကို ပြေပျောက်စေမယ်လို့ Dream team က အခိုင်အမာပြောခဲ့ပါတယ်။ ☆အထူးသရုပ်ဆောင်တွေ ပထမတွဲမှ သရုပ်ဆောင်တွေက ဒုတိယအတွဲမှာ ဆက်လက်ပါဝင်ပါတယ်။ သရုပ်ဆောင်တွေဖြစ်တဲ့ Park Sung Woong ၊ Kim Seo Hyung ၊ Lee Deok Hwa ၊ Yoon Se Ah နဲ့ Kim Ki Hyun တို့ဟာ ပထမတွဲကို ကောင်းမွန်အောင် ကူညီပေးခဲ့ကြပါတယ်။ ဒုတိယတွဲမှာ Joo Sang Wook ၊ Oh Na Ra ၊ Lee Si Eon ၊ Jung Man Sik ၊ Moon Hee Kyung နဲ့ အခြားအရည်အချင်းရှိ သရုပ်ဆောင်တွေက အထူးသရုပ်ဆောင်မှုတွေကို ပြသမှာပါ။ ဒီသရုပ်ဆောင်တွေက အဓိကသရုပ်ဆောင်နဲ့ဘယ်လိုအပြန်အလှန်အကျိုးပြုမယ် ၊ ဒရာမာကို ပိုပြီးတော့တောင် ပျော်စရာကောင်းစေမယ်ဆိုတာကို စောင့်ကြည့်ရဖို့ တန်ပါတယ်။