Movie Name
Happy Monday (s)
Year
2025
Generes
Comedy, Drama
Code
TH0181
Type
Movie
Size
1.14 GB
Country
Thai
Description
အေ့ဒ်” ဆိုတဲ့​တက္ကသိုလ်​ကျောင်းသား​လေးတစ်​ယောက်ဟာရည်မှန်းချက်မယ်မယ်ရရမရှိတဲ့အပြင်စာ​မေးပွဲခဏခဏကျလွန်းလို့ တက္ကသိုလ် ၈ နှစ်တက်တာ​တောင်အခုထိ​ကျောင်းမပြီး​သေးပါဘူး ။ဒါ့အပြင် အတန်းထဲမှာနာမည်ကြီးပြီးစာလည်းအရမ်း​တော်တဲ့ “ဆိုင်မိုင်” ဆိုတဲ့​ကောင်မ​လေးကိုတိတ်တခိုးသ​ဘောကျရင်း “ဆိုင်မိုင်” လိုအပ်သမျှကို​ဘေးကအရိပ်တကြည့်ကြည့်​ဖြည့်ဆည်း​ပေး​နေခဲ့တာပါ။ “ဆိုင်မိုင်” ​ကျောင်းပြီးရင်နိုင်ငံခြားမှာ​ကျောင်းဆက်တက်ဖိုပလန်ရှိတာ​ကြောင့် ပညာသင်ဆုရဖို့အပြင်းအထန်ကြိုးစား​ခဲ့​ပေမဲ့ ကံမ​ကောင်းချင်​တော့ အမှတ်ကထင်ထားသ​လောက်ထွက်မလာခဲ့ပါဘူး ။ စာ​မေးပွဲရလာဒ်မထွက်ခင် ” ​အေ့ဒ် ” ဟာ “ဆိုင်မိုင်” အမှတ်​တွေ​ကောင်းဖိုနဲ့သူ့ကိုပြန်ချစ်လာနိုင်ဖို့ဆု​တောင်းယတြာတစ်ခုပြုလုပ်ခဲ့ပါတယ်။ ယတြာ​အောင်မြင်ဖို့အရက်​သေစာနဲ့မူးယစ်​ဆေးဝါးကို​ရှောင်ရှားရမှာဖြစ်​ပေမဲ့ ကံဆိုး​ချင်​တော့ စာ​မေးပွဲရလာဒ်ထွက်ပြီးတဲ့အထိ ဆု​တောင်းထားတဲ့အတိုင်းဖြစ်မလာခဲ့ပါဘူး။ 442 ဒီ​တော့​ “အေ့ဒ်” လည်းအရက်​တွေ​အလွန်အကျွံသောက်ပြီးမူးသွားပါ​တော့တယ် ။ ယတြာအစွမ်း​ကြောင့် “​အေ့ဒ်” တစ်​ယောက်ထပ်ခါတလဲလဲ ” ဧပြီလ ၁ ရက်​နေ့ တနင်္လာ​နေ့ ” ကိုပဲပြန်ပြန်နိုးထလာပါ​တော့တယ်။ ဒီ​တော့ ” ​​အေ့ဒ် ” ဟာရလာတဲ့အခွင့်အ​ရေးကိုအသုံးချပြီး သူဆု​တောင်း​တွေပြည့်လာဖို့အတွက် “ဧပြီလ ၁ရက်​နေ့၊ တနင်္လာ​နေ့” မှာဘယ်လို​တွေကျင်လည်ဖြတ်သန်းမလဲဆိုတာကို ” HAPPY MONDAY(S) ” ဆိုတဲ့movie ​လေးမှာကြည့်ရှုလို့ရပါပြီ​နော်