Movie Name
The Invisible Guest (2017)
Year
2017
Generes
Crime, Thriller
Code
00930
Type
Movie
Size
957 MB
Country
Hollywood
Description
စပိန်ဘာသာနဲ့ဆို Contratiempoဖြစ်ပြီး အင်္ဂလိပ်ဘာသာနဲ့ဆို The Invisible Guestဆိုတဲ့ လျှို့ဝှက်သဲဖိုကားလေး တင်ပေးလိုက်ပါတယ် အိမ်ထောင်ရှိသူခင်ပွန်းတစ်ယောက်ဟာ သူရဲ့တိတ်တိတ်ပုန်းမိန်းမနဲ့ ဖောက်ပြန်ပြီး အပြန် အဝေးပြေးလမ်းပေါ်မှာ သမင်တစ်ကောင် လမ်းဖြတ်ကူးမှုကြောင့် သူများလမ်းကြောထဲဝင်ပြီး တစ်ဖက်က မောင်းလာတဲ့ ကားတစ်စီးကိုတိုက်မိပါလေရော ။ အဲ့ကားထဲမှာ ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက် သေလုဆဲဖြစ်နေတာကို တစ်ကယ်သေပြီထင်ပြီး နှစ်ယောက်သား လုပ်မိလုပ်ရာ လုပ်ကြပါလေရော။ ကားကိုမြစ်ထဲမျောလိုက်တယ် ။ ရက်တွေတော်တော်ကြာတော့ ခြိမ်းခြောက်စာတစ်စောင်ရောက်လာပြီး ငွေညစ်ပါတယ်။ အဲ့ဒါကို တိတ်ဖို့အတွက် တည်းခိုခန်းတစ်ခုကိုအသွား ဖောက်ပြန်နေတဲ့ မိန်းမက သတ်ခံရပါလေရော။ အဲ့ဒါကြောင့် လူသတ်သမားကို ရှာဖွေနေတုန်း ရေထဲမျောခံခဲ့ရတဲ့ ကောင်လေးရဲ့ အမေနဲ့အဖေက လက်စားဘယ်လိုပြန်ချေမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရမဲ့ ကားလေးပါ စပိန်ရဲ့ ဒိတ်ဒိတ်ကြဲတွေဖြစ်တဲ့ Mario Casas,Bárbara Lennie, Josê Coronado, Ana Wagener, Frances Orellaနဲ့ Paco Tousတို့က သရုပ်ဆောင်ထားပြီး January 6ရက်နေ့က ဖြန့်ချိထားတဲ့ ကားတစ်ကားဖြစ်ပါတယ်