-
Movie Name
-
Akkada Ammayi Ikkada Abbayi (2025)
-
Year
-
2025
-
Generes
-
Drama, Romance
-
Code
-
IND1673
-
Type
-
Movie
-
Size
-
1.42 GB
-
Country
-
Bollywood
-
Description
-
Akkada Ammayi Ikkada Abbayi (2025)
“တစ်ရွာသားမ၀င်ရ”
ဒီတစ်ခါမှာတော့ CM ဘောလိဝုဒ်ပရိသတ်ကြီးအတွက် တေလဂူစကားပြော ကျေးလက်နောက်ခံ
အချစ်-ဟာသ-ဒရာမာ ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
442
တစ်ခါက မျိုးဆက်တစ်ဆက်မှာ ယောက်ျားလေးချည်းပဲ အယောက် ၆၀ မွေးဖွားပြီး မိန်းကလေး
လုံး၀မထွန်းကားခဲ့တဲ့ ထူးထူးဆန်းဆန်းရွာလေးတစ်ရွာရှိပါတယ်။
အဲဒီလိုဖြစ်ချိန်ကစလို့ ရွာမှာမိုးခေါင်ရေရှားဖြစ်ပြီး ရွာသားတွေ ဒုက္ခရောက်ခဲ့ကြပါတယ်။
မိန်းကလေးမွေးဖွားမှသာ အဲဒီဒုက္ခတွေကင်းဝေးမယ်လို့လည်းရွာသားတွေက ယုံကြည်ထားကြပါတယ်။
တစ်နေ့တော့ ရွာမှာ ၆၁ ယောက်မြောက်မွေးတဲ့ ကလေးဟာ မိန်းကလေးဖြစ်နေပါတယ်။
ရွာသားတွေယုံကြည်ထားကြသလို အဲဒီမိန်းကလေးမွေးတာနဲ့ ရွာဟာလည်း မိုးခေါင်ရေရှားမှုကင်းဝေးသွားပါတယ်။
အဲဒါကြောင့် အဲဒီမိန်းကလေးကို တစ်ရွာလုံးက အရမ်းအလေးထားကြပါတယ်။ ရွာကနေ
မိန်းကလေးထွက်မသွားရေးအတွက်လည်း သူ့အရင်မွေးထားတဲ့
ယောက်ျားလေး ၆၀ ထဲက တစ်ယောက်နဲ့ပေးစားရမယ်လို့ စီစဉ်ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒါပေမဲ့ တစ်နေ့မှာတော့ ရွာကို မြို့သားတစ်ယောက် ရောက်ရှိလာပြီး အဲဒီမိန်းကလေးနဲ့ဆုံဆည်းမိတဲ့အခါ…၊
ကြိုတင်စီစဉ်ထားသလို ဖြစ်ချင်မှဖြစ်တတ်တဲ့ ကံတရားအတိုင်း ရွာသားတွေရဲ့အစီစဉ်တွေ တလွဲဖြစ်ကုန်မှာလား…
မြို့သားကိုကိုနဲ့ ရွာကတစ်ဦးတည်းသော မိန်းမပျိုတို့ ရှေ့ဆက်ဘာတွေဖြစ်ကြမလဲ…၊
ရွာသားတွေနဲ့ ဘယ်လိုတွေအမှုပွေကြဦးမလဲဆိုတာ… ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။