Movie Name
Megha (2024)
Year
2024
Generes
Drama
Code
IND1674
Type
Movie
Size
1.21 GB
Country
Bollywood
Description
Megha (2024) မေဂါ ကံကြမ္မာဆိုတာ ဆန်းကျယ်ပါတယ် မထင်မှတ်ထားလောက်အောင် ကြုံတွေ့ ဖြစ်ပျက်နိုင်တာမျိုးပါ ဒီဇာတ်လမ်းလေးကလည်း နာမည်တူနှစ်ယောက်ရဲ့ ရေစက်လေး………………………………………………….. မေဂါဆိုတဲ့ ကောင်လေးက အရင်ရည်းစားကောင်မလေးနဲ့ လမ်းခွဲပြီးတည်းက မကျေမနပ် ဒေါသဖြစ်မှုတွေနဲ့ လောကကြီးကို အရွဲ့တိုက်လို့ အရာရာကို မကောင်းမြင်တဲ့သူတစ်ဦး ဖြစ်လာနေပါတယ် ချစ်သူရည်းစားတွေဆိုတာ အချိန်တန်ပြတ်ကြမှာ၊ မိန်းမတွေ မကောင်းဘူးနဲ့ အရက်သောက်လိုက် ရန်ဖြစ်လိုက်ပေါ့ အဲဒီလိုပဲ မေဂါဆိုတဲ့ကောင်မလေးကတော့ သူဘာရွေးချယ်မှုပဲလုပ်ပါစေ သူ့ဖခင်ရဲ့ မကောင်းမြင် အပြစ်တင်ခြင်းကိုပဲခံရပါတယ် ဖိအားတွေပေး တွန်းအားတွေပေးနဲ့ ဖခင်နဲ့ဆက်ဆံရေးမပြေလည်လို့ စိတ်ကူးယဉ်ဆန် အချစ်ရေးဆိုတာက သူနဲ့မသက်ဆိုင်တဲ့အရာတစ်ခုလို ဖြစ်နေခဲ့တာပါ ‌တစ်နေ့ မေဂါဆိုတဲ့ကောင်လေး ကော်ဖီဆိုင်ထိုင်နေတုန်း သူ့သူငယ်ချင်းက လှမ်းအော်ခေါ်လိုက်ပါတယ် အဲဒီအချိန် ကောင်မလေးက သူ့ကိုခေါ်တယ်ထင်လို့ ပြန်ထူးချိန်မှာ သူတို့နာမည်တူနေမှန်းသိသွားပြီး စတင်တွေ့ဆုံကြတယ်ပေါ့ ပိုထူးဆန်းတာက သူတို့ကကောလိပ်တစ်ခုတည်းက ဖြစ်နေတာပါပဲ ပြီးခဲ့တဲ့သုံးနှစ်လုံး မတွေ့ဖူးကြ သတိမထားမိကြနဲ့ အခုနောက်ဆုံးနှစ်မှတွေ့တဲ့ ရေစက်လေးပေါ့ ဒီလိုနဲ့နှစ်‌ယောက်သား အိမ်ပြန်လာရင်း သူတို့ဟာ တစ်ရပ်ကွက်တည်း တစ်လမ်းသားတွေပါ ဖြစ်နေပါတော့တယ် ကံကြမ္မာကအခုမှ တွေ့ဆုံခွင့်ပေးတဲ့သူတို့နှစ်ဦး ဘယ်လိုရှေ့ဆက် ခရီးသွားကြမှာလဲ၊ ဒဏ်ရာအနာတရ များနေသူအချင်းချင်း ဘယ်လိုဖေးမကူညီ ကုသလို့ နီးစပ်သွားကြမလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦး