Movie Name
Firefly (2025)
Year
2025
Generes
Drama
Code
IND1676
Type
Movie
Size
999 MB
Country
Bollywood
Description
Firefly (2025) ပိုးစုန်းကြူး ” ဘဝမှာ တိုက်ဆိုင်မှုဆိုတာမရှိဘူး။ အရာအားလုံးက ကံကြမ္မာရဲ့စေစားရာပဲ ” US မှာအလုပ်လုပ်နေတဲ့ဗစ်ကီတစ်ယောက် အဖေနဲ့အမေရဲ့ဆန္ဒအရ လေးနှစ်ကြာမှာ အဖေအမေတို့နဲ့အတူ မင်္ဂလာပွဲတက်ဖို့ အိန္ဒိယကို ခွင့်တင်ပြီး ပြန်လာခဲ့ပါတယ်။ အဖေနဲ့အမေကတော့ ပျော်လို့မဆုံးတပြုံးပြုံးနဲ့ သားကို လေဆိပ်ကနေ လာကြိုကြ‌တာပေါ့။ ဒါပေမဲ့ လေးနှစ်တာကွဲကွာနေတဲ့မိသားစုကို ကံကြမ္မာက လေးမိနစ်တောင် ပျော်ရွှင်နွေးထွေးတဲ့မိသားစုဘဝလေးကို ခံစားခွင့်မပေးခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပွဲကိုသွားတဲ့လမ်းမှာ ယာဉ်မတော်တဆမှုဖြစ်ပြီး မိဘနှစ်ပါးလုံးဆုံးပါးသွားသလိုပဲ ဗစ်ကီကိုယ်တိုင်လည်း သုံးလကိုမာဝင်သွားတဲ့အတွက်ပါ။ တစ်ချိန်က အားလုံးပြည့်စုံနေတဲ့ဗစ်ကီရဲ့ဘဝလေးဟာ မျက်စိတစ်မှိတ်မှာ သုံးလကြာသွားပြီး နိုးထလာချိန်မှာ သူပိုင်ဆိုင်တာဆိုလို့ ကံကောင်းလားမသိ ကံဆိုးလားမသိ ရှင်ကျန်နေခဲ့တဲ့ သူ့ရဲ့အသက်ပါပဲ။ လောကဓံအဆိုးမှာ အကျနာခဲ့တဲ့ဗစ်ကီတစ်ယောက် ခံစားချက်ဂယက်ထဲမှာ တဝဲလည်လည်ဖြစ်နေရင်း လွတ်ရာလမ်းကို ရှာတွေ့နိုင်မလားဆိုတာ ရှုစားလိုက်ရအောင်ပါ။