Movie Name
The Jungle Book (2016)
Year
2016
Generes
Adventure, Drama, Family
Code
00931
Type
Movie
Size
872 MB
Country
Hollywood
Description
Jungle Book ဟာ Rudyard Kipling ရဲ့ နာမည်ကျော်စာအုပ်နဲ့ 1967 ကထွက်ခဲ့တဲ့ နာမည်ကျော် Jungle Book ကာတွန်းကားတို့ကို လူနဲ့ Visual effect တွေသုံးပြီး အသက်ပြန်သွင်းထားတာဖြစ်ပါတယ်။ Jungle Book ရဲ့ ဇာတ်လမ်းကိုတော့ ပိတ်သတ်ကြီးက သိပြီးသားမို့လို့ အထွေအထူးတော့ ပြောပြစရာမရှိပါဘူး။ ဆိုတော့ ရိုက်ထားတဲ့အကြောင်း အရင်ပြောပါ့မယ်။Iron Man ဒါရိုက်တာ Jon Favreau ရဲ့လက်ရာဖြစ်တဲ့ Jungle Book ဟာ ဒီနှစ်ရဲ့ အကောင်းဆံုံးကားတွေထဲမှာပါပါတယ်။ တော်တော်များများအတွက်လည်း အကောင်းဆုံးဆိုတဲ့ကားဖြစ်နေမယ်ထင်ပါတယ်။ ဇာတ်လမ်းစစချင်း Jungle Book ဆိုတဲ့စာတန်းထိုးကတည်းက ဇာတ်လမ်းဆုံးတဲ့အထိ ကြည့်နေသူကို တောကြီးမျက်မည်းထဲရောက်သွားသလိုဖြစ်အောင် လုပ်ထားနိုင်ပါတယ်။ Cinematography ကိုလည်း အရမ်းသဘောကျပါတယ်။ Mowgli နဲ့ eye-level လောက်မှာပဲ အများဆုံးရှိပြီး ရိုက်ထားတဲ့အတွက် ကိုယ်ဟာ သူ့နေရာမရောက်ရင်တောင် သူဘယ်လိုမြင်နေခံစားနေရသလဲဆိုတာ ခံစားရတယ်။ Overhead shot တွေဆို မပါသလောက်ပါပဲ။ နောက် အခန်းတစ်ခန်းမှာဆို တော်ရုံလူ ငိုချင်စိတ်ပေါက်အောင် feel တွေပေးပါသေးတယ်။ကလေးကလွဲလို့ အားလုံးနီးပါး CGI တွေချည်းဆိုပေမဲ့ ဘယ်ဟာအတုမှန်း ခွဲမရလောက်အောင် CGI နဲ့ Animation တွေက ကောင်းလွန်းအားကြီးပါတယ်။ Animation မှာတော့ Disney ကို လုံးဝလက်လန်တယ်လို့ ပြောချင်ပါတယ်။ တိရိစ္ဆာန်တွေကို animation တွေသုံးပြီးဆွဲ၊ စကားပြောခိုင်း သရုပ်ဆောင်ခိုင်းတာ တော်ရုံလွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ သူတို့ရဲ့ လှုပ်ပုံရှားပုံတွေ ဟန်ပန်အမူအရာတွေ အကုန်လုံးတူအောင် လိုက်လုပ်ဖို့ဆိုပိုဆိုး။ JB မှာတော့ အားလုံးက perfect လို့ပြောလို့ရအောင် အသက်ဝင်လွန်းပါတယ်။ နောက် သူတို့ပြချင်တဲ့ အကြောင်းကို သေချာပြနိုင်တာ သဘောကျတယ်။ ဥပမာ ကြီးကျယ်မြင့်မြတ်လှတဲ့ ဆင်တွေဆိုရင် မြင်ကတည်းက အဲလိုပုံစံကို မပြောဘဲလဲ ခံစားရတယ်။ အသံနဲ့သရုပ်ဆောင်ထားတဲ့ Bill Murray, Ben Kingsley, Idris Elba တို့ကလည်း အသံနဲ့ ဇာတ်ကောင်၊ စကားပြောတာ လိုက်လွန်းအားကြီးတယ်။ Cast အရွေးတော်တယ်။ Mowgli လုပ်တဲ့ Neel Sethi လည်း တော်တော်လေး အပင်ပမ်းခံထားပါတယ်။ တစ်ချက်တစ်ချက် စကားပြောတာနည်းနည်း ဟာနေတာလေးရှိတာကလွဲလို့ တော်တော်လေး သရုပ်ဆောင်ကောင်းတယ်ဗျ။ Jungle Book ဟာ အဘက်ဘက်က ပြည့်စုံနေတဲ့ကားတစ်ကားပါ။ သို့ပေမဲ့ တစ်ခုရှိတာက သူ့ဇာတ်လမ်းကို နဂိုတည်းက သိပြီးမို့လို့ တချို့အတွက်တော့ ဇာတ်လမ်းပိုင်း နည်းနည်းအားမရတာတွေဖြစ်နိုင်ပါတယ်။ မှန်းလို့ရတာတွေလည်း ပါတာကိုး။ သို့ပေမဲ့ Baloo ဇာတ်ကောင်ကြောင့် ပိတ်သတ်ကြီးက တစ်ကားလုံးပျင်းရမှာမဟုတ်ပါဘူး။ သူက ပွဲဆူအောင် လုပ်နေတာကိုး။ ထားပါတော့။ Jungle Book ဟာ ကလေးရော လူကြီးရော ကြိုက်ကြမဲ့ကားပါ။ သို့ပေမဲ့ နည်းနည်း ကြမ်းတဲ့ ကလေးငယ်တွေအတွက် မသင့်တော်လောက်တဲ့ ကြောက်စရာ စိတ်လှုပ်ရှားစရာအခန်းတွေပါလို့ Age Rating က PG ပါ။ G မဟုတ်ပါဘူး။ အဲဒီလို ကလေးလိုမျိုးမဟုတ်ဘဲ လူကြီးလည်းကြည့်လို့ရအောင် အရမ်း ပုံပြင်မဆန်အောင်ပီပီပြင်ပြင်ရိုက်ထားတာကို အဓိကသဘောကျမိပါတယ်။ အခုဆို တော်တော်များများကြည့်ပြီးကြပြီထင်ပါတယ်။ မကြည့်ရသေးရင်လည်း သွားကြည့်ကြပါ။ ကျော်ကတော့ ကိစ္စရှိလို့ ကြည့်တာ နှစ်ခေါက်ရှိပီ ???? (သို့ပေမဲ့ ဒုတိယတစ်ခေါက်ကျတော့ နည်းနည်းပျင်းဖို့ကောင်းသွားတယ်ဗျ)ကဲ ကြည့်ပြီးတဲ့ ပိတ်သတ်ကြီးလည်း Jungle Book ကိုဘယ်လိုမြင်ပါသလဲ။ ဘယ်အခန်း (သို့မဟုတ်) ဇာတ်ကောင်ကို အကြိုက်ဆုံးပါလဲ။ မန့်သွားကြပါဦးလို့။