-
Movie Name
-
The Legend Of Ben Hall (2016)
-
Year
-
2016
-
Generes
-
Action, Biography, Drama
-
Code
-
00933
-
Type
-
Movie
-
Size
-
1 GB
-
Country
-
Hollywood
-
Description
-
တချို့သော ဒဏ္ဏာရီတွေဟာ သူရဲကောင်းတွေအကြောင်းတော့ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ သြစတေးလျသမိုင်းမှာ ဘန်ဟောလ်ဆိုတဲ့ သူပုန်တစ်ယောက်အကြောင်းဟာ အဲဒီလို ဒဏ္ဏာရီတွေထဲက တစ်ခုပါပဲ။ ချုံခိုတိုက်ခိုက်ရာမှာ နာမည်ကြီးလှတဲ့ မြင်းစီးသမား ဘန်ဟောလ်ဟာ သူ့မိတ်ဆွေဟောင်းနှစ်ယောက်နဲ့အတူ ရာဇဝတ်တစ်ခုကို အကြောင်းပြုပြီး ဝေလတောင်ပိုင်းနယ်မြေသစ်မှာ ဓါးပြတိုက်နေတယ်လို့ သတင်းကြီးနေပါတယ်။ ရဲသားသုံးယောက်ကို သတ်ပစ်လိုက်တဲ့အခါမှာတော့ အစိုးရဟာ သူတို့ကို သူပုန်တွေအဖြစ် အသေရရ အရှင်ရရ အမိဖမ်းဖို့ ပေါင် ၃၀၀၀ ဆုကြေးထုတ်ပြီး ကြေညာလိုက်ပါတော့တယ်။ ဒီအခါ သူတို့ဟာ နယ်ချဲ့အစိုးရကို တစ်သက်လုံး တော်လှန်ပုန်ကန်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီအချိန်မှာ ဘန်ဟောလ်ကလည်း သူ့ရဲ့ ကြေမွပျက်စီးနေတဲ့ အတိတ်ဖြစ်ရပ်ကို ငြိမ်းချမ်းစွာ ဖြေဖျောက်ဖို့ ကြိုးစားနေရပါတယ်။ မထင်မှတ်ဘဲ ပေါ်လာတာကတော့ သူတို့ထဲမှာ အစိုးရကို တိတ်တဆိတ် သတင်းပေးနေတဲ့ သူလျှိုတစ်ယောက် ရှိနေတယ်ဆိုတာပါပဲ။ ၁၈၆၅ ခုနှစ် မေလ ၅ ရက်နေ့မနက်မှာတော့ ဘန်ဟောလ်တစ်ယောက် သူ့စခန်းထဲကနေ တစ်ယောက်တည်း ပေါ်လာခဲ့တယ်။ ဒီနောက်မှာတော့ ဒဏ္ဏာရီထဲကို ရဲဝံ့စွာ လျှောက်လှမ်းသွားပါတော့တယ်။ The Legend of Ben Hall (2016) ဟာ သမိုင်းမှာ တကယ်ရှိခဲ့တဲ့ သူပုန်ကြီး ဘန်ဟောလ်ရဲ့အကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာ ဖြစ်ပြီး ကောင်းဘွိုင်သေနတ်ပစ်ရုပ်ရှင်ဝါသနာအိုးတွေအတွက် လက်လွတ်မခံသင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။