Movie Name
Jaat (2025)
Year
2025
Generes
Action, Drama, Thriller
Code
IND1687
Type
Movie
Size
1.57 GB
Country
Bollywood
Description
Jaat (2025) ************** (Official WEB DL Quality မဟုတ်သေးတာကြောင့် ဇာတ်တ်ကားထဲမှာ ကြော်ငြာတချို့ပါတာကိုကြိုတင်သတိပေးအပ်ပါတယ်) ဒီဇာတ်ကားလေးကတော့ IMDb rating 6.5/10အထိ ရရှိထားပြီး ဟင်ဒီစကားပြော Action/Thriller အမျိုးအစား ဘောလိဝုဒ် ဇာတ်ကားလေးတစ်ကား ဖြစ်ပြီး ပရိတ်သတ် အချစ်တော်မင်းသားကြီး တစ်ဦးဖြစ်တဲ့ ဆန်နီ ဒီယော်လ်အပြင် ဘာဟုဘလီထဲက မယ်တော်ကြီး ရာမာယာခရိရှန်ကလည်း သမ္မတကြီးအဖြစ် လည်းကောင်း တမီးလ်မင်းသားကြီး ဂျဂါပသီ ဘာဘူကလည်း စီဘီအိုင် ရဲမှူးချုပ်အဖြစ် လည်းကောင်း ပါဝင် အားဖြည့်ထားကြပါတယ်။ ဇာတ်လမ်း အကျဉ်း သီရိလင်္ကာနိုင်ငံ ဂျဖ်နာတောနက်မှာ သီရိလင်္ကာစစ်တပ်ရဲ့ စောင့်ကြည့်မှုအောက်မှာ အလုပ်ကြမ်းလုပ်နေကြရတဲ့ ရာနာတွန်ဂါနဲ့ သူ့ညီ ဆိုမလုတို့အဖွဲ့ဟာ တစ်နေ့မှာတော့ ရွှေချောင်းတွေနဲ့ ပြည့်နေတဲ့ သေတ္တာကြီးတစ်လုံးကို ရှာဖွေတွေ့ရှိသွားတယ်ဆိုရင်ပဲ သီရိလင်္ကာစစ်သား တွေကို ပုန်ကန်တိုက်ခိုက်ကာ လှေတစင်းနဲ့ အိန္ဒိယ နိုင်ငံရှိရာကို လှော်ခပ် ထွက်ပြေးလာကြပါတယ်။ ဒီလိုနဲ့ အိန္ဒိယရဲ့ ကမ်းရိုးတမ်းကို ရောက်တယ်ဆိုရင်ပဲ အိန္ဒိယ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတော့တယ်။ တရားမဝင် နယ်စပ်ဖြတ်ကျော်လာခဲ့ပေမဲ့လည်း ပါလာတဲ့ ရွှေချောင်းအချို့ကို ရဲတွေကိုပေးပြီး လာဘ်ထိုးတာကြောင့် ရဲတွေက အိန္ဒိယနိုင်ငံသားအဖြစ် သက်သေခံစာရွက်စာတမ်း လုပ်ပေးလိုက်တာပေါ့။ တရားမဝင်ခိုးဝင်လုပ်သားတွေဟာ တရားဝင် နိုင်ငံသား ဖြစ်လာတဲ့အပြင် ဒုစရိုက်မှုပေါင်းစုံကျူးလွန်ကာ ကမ်းရိုးတမ်းဒေသတစ်လျှောက်က ရွာသားတွေကို အမျိုးမျိုး ဖိနှိပ်လာတဲ့အကြောင်း ဒေလီကသမ္မတကြီးဆီ သတင်း ရောက်သွားတဲ့ အခါမှာတော့… မတရားမှုတွေ လွှမ်းမိုးခံနေရတဲ့ ရွာသားတွေကို ဘယ်သူက အကူအညီလာပေးမှာလဲ… သီရိလင်္ကာက ခိုးဝင်လာတဲ့ ရာနာတွန်ဂါကို ဘယ်သူက အဆုံးသတ်ပေးမှာလဲ… ဘယ်လိုဇာတ်ကွက် အလှည့်အပြောင်းတွေက ဆီးကြို နေမလဲ… ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှု အားပေး ကြပါဦးလို့ …