Movie Name
Sthanarthi Sreekuttan (2024)
Year
2024
Generes
Comedy
Code
IND1696
Type
Movie
Size
1.10 GB
Country
Bollywood
Description
ကျောင်းသားဘဝရဲ့ ရိုးရှင်းတဲ့ အလှတရားတွေ ရယ်မောပျော်ရွှင်စရာတွေနဲ့ စိန်ခေါ်မှုတွေကို မြင်တွေ့လိုပါသလား ဒါဆိုရင်တော့ ဒီကားက ကျောင်းနေအရွယ် ကလေးတစ်ဦးရဲ့ ကိုယ့်ကိုယ်ကိုယ်ရှာဖွေတွေ့ရှိမှုခရီးလမ်းကြောင်းကို နွေးထွေးတဲ့ ဟာသတွေနဲ့ ပုံဖော်ထားမျိုးပါ ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်ကတော့ K.R. Narayanan U.P. ကျောင်းက ခုနစ်တန်းကျောင်းသားလေး ဆရီကူတန်ပါပဲ ဆရီကူတန်က အမြဲတမ်း ဆရာမတွေကို စနောက်တတ်ပြီး ဆူဆူပူပူလုပ်တတ်တဲ့ ကျောင်းသားလေးတစ်ယောက်ပေါ့ သူ့ရဲ့ အတန်းထဲက စာတော်ပြီး သူ့ပြိုင်ဘက်ဖြစ်တဲ့ အမ်ဘာဒီနဲ့ သူမကြိုက်တဲ့ ဆရာမချက်ကရာပါနီ့ကို စိန်ခေါ်ဖို့အတွက် သူတို့အတန်းရဲ့ ခေါင်းဆောင်နေရာအတွက် ဝင်အရွေးခံဖို့ ဆုံးဖြတ်လိုက်ပါတယ် ဆရီကူတန်က အတန်းခေါင်းဆောင်ဖြစ်ဖို့ သူငယ်ချင်းတွေနဲ့အတူ ရယ်စရာကောင်းတဲ့ အကြံအစည်တွေ အလွဲအချော်တွေ လုပ်ဆောင်ရင်း သူ့အရည်အချင်းတွေကို သက်သေပြဖို့ ကြိုးစားပါတော့တယ် ဒီဇာတ်လမ်းက ကလေးဘဝရဲ့ အပြစ်ကင်းစင်မှု အတန်းတွင်း နိုင်ငံရေးတွေနဲ့ လူမှုရေးပြဿနာတွေကို ပေါ့ပေါ့ပါးပါးနဲ့ ထိထိမိမိ တင်ဆက်ထားပါတယ် ဆရီကူတန်ရဲ့ ချစ်စရာကောင်းတဲ့ စရိုက် သူငယ်ချင်းတွေကြားက ခင်မင်မှုတွေနဲ့ ကျောင်းဆရာ ဆရာမတွေနဲ့ သူတို့ရဲ့ ဆက်ဆံရေးတွေက ကြည့်ရှုသူတွေကို ကျောင်းသားဘဝကို ပြန်လည်အမှတ်ရစေမှာ အသေအချာပါပဲရှင်