Movie Name
Mercy For None (2025)
Year
2025
Generes
Action, Crime, Drama
Code
SKR1090
Type
Series
Size
2.82 GB
Country
Korea
Description
1-8 Complete ကျွန်တော်တို့ Channel Myanmar ကနေ ယနေ့တင်ဆက်ပေးမဲ့ ဇာတ်လမ်းတွဲအသစ်ကလေးကတော့ ကြမ်းပေ့ရမ်းပေ့ အက်ရှင်ကားတွေကိုမှ actors line-up ခပ်မိုက်မိုက်လေး ကြည့်ရမဲ့ Mercy for None ပဲဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေအနေနဲ့ So Ji Sub, Huh Joon Ho, Ahn Kil Kang, Lee Bum Soo, Gong Myung, Choo Young Woo နဲ့ Jo Han Chul တို့နဲ့ အပြင် မင်းသားကြီး Cha Seung Won နဲ့ မင်းသား Lee Jun Hyuk တို့ကလည်း cameo အနေနဲ့ ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းအညွှန်း ဂူဘုံဆန်း (Ahn Kil Kang) ခေါင်းဆောင်တဲ့ ဘုံဆန်းဂိုဏ်းရဲ့ အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့တဲ့ နမ်ဂီဂျွန်း (So Ji Sub) ဟာ ရန်ပွဲပေါင်းများစွာမှာ ဂိုဏ်းနာမည်ကို တက်စေခဲ့သူပါ။ ဒါပေမဲ့ သူ့ညီဖြစ်သူ နမ်ဂီဆော့ (Lee Jun Hyuk) က သူတို့ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ အီဂျူအွန်း (Huh Joon Ho) ဦးဆောင်တဲ့ ဂျူဝန်းဂိုဏ်းထဲ ဝင်ရောက်သွားတဲ့အခါ အရာအားလုံးပြောင်းလဲခဲ့ရပါတော့တယ်။ ညီဖြစ်သူကို ကာကွယ်ဖို့အတွက် နမ်ဂီဆော့ဟာ ဘုံဆန်းဂိုဏ်းကနေ ထွက်ခွာခဲ့ပြီးနောက်ပိုင်း ၁၁ နှစ်လောက် အေးအေးဆေးဆေးနေထိုင်နေခဲ့ကာ ဘုံဆန်းနာမည်အောက်ရှိ အရက်လုပ်ငန်းကို လုပ်ကိုင်နေခဲ့ပါတယ်။ သို့သော်လည်း ဂျူဝန်းဂိုဏ်းရဲ့ ညာလက်ရုံးဖြစ်တဲ့ သူ့ညီ နမ်ဂီဆော့ သံသယဖြစ်ဖို့ကောင်းတဲ့ အခြေအနေတွေအောက်မှာ သေဆုံးသွားရတဲ့အခါ နမ်ဂီဂျွန်းတစ်ယောက် မြေအောက်လောကကို ပြန်ဝင်ကာ ညီဖြစ်သူအတွက် အမှန်တရားကို ဖော်ထုတ်ပြီး ဘယ်လို လက်စားချေသွားမလဲဆိုတာကို အက်ရှင်ဆန်ဆန် mystery ဆန်ဆန် မိုက်မိုက်လေးရိုက်ပြထားတာမို့လို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။