-
Movie Name
-
The Osiris Child(2016)
-
Year
-
2016
-
Generes
-
Action, Adventure, Drama
-
Code
-
00937
-
Type
-
Movie
-
Size
-
782 MB
-
Country
-
Hollywood
-
Description
-
The Osiris Child:Science Fiction Volume One(2016) သြစတေးလျတောင်ပိုင်း Coobe Pedy နဲ့ Gladesville နဲ့ ဆစ်ဒနီတို့မှာ ရိုက်ကွင်းယူပြီး ဖန်တီးထားတဲ့ ဒီဇာတ်ကားလေးကို ဒါရိုက်တာ Shane Abbess က ရိုက်ကူးထားပြီး အော်ဇီနဲ့အမေရိက ဇာတ်ဆောင်များပါဝင်သရုပ်တောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ကမ္ဘာမြေရဲ့အပြင်ဘက်မှာ နယ်ချဲ့ယူထားတဲ့ဂြိုလ်တွေကို အုပ်ချုပ်ထောက်ပံ့မှုပြုလုပ်ဖို့ အိတ်ဇောလို့ခေါ်တဲ့ အဖွဲ့အစည်းက တာဝန်ယူထားပြီး အဲဒီဂြိုလ်မှာ General Lynex (Racheal Griffiths (၂၀၀၆ ထုတ် Step Up ကားမှာ director gordon အနေနဲ့ ပါဝင်ခဲ့)) အုပ်ချုပ်နေပါတယ် အဲဒီအဖွဲ့အစည်းကို ယုံကြည်ကြတဲ့လူပေါင်းများစွာဟာ အဲဒီဂြိုလ်မှာနေထိုင်ကြပြီး ဗိုလ်ချုပ်ကြိးကတော့ စကြာဝဠာထဲမှာ ကိုလိုနီနယ်မြေတွေ ထပ်မံချဲ့ထွင်နိုင်ဖို့ ရစ်ဂျ်လို့ခေါ်တဲ့ လူကနေ အသွင်ပြောင်းသတ္တဝါကြီးတွေကို တိတ်တဆိတ်ဖန်တီးလျက်ရှိပြီး အကျဉ်းထောင်မှာ လျှို့ဝှက်ထားရှိပါတယ်အဲဒီ အိတ်ဇောအဖွဲ့အစည်းမှာ လက်ဖတက်နင် ကိန်း ဆွန်မာဗီးလ် (Daniel Mcpherson) ဟာ အခြေခံအဆောက်အဦးစစ်ဆေးကြီးကြပ်ရတဲ့သူဖြစ်ပြီး သူဟာ သူ့ဘဝရဲ့အရှုံးတွေအတွက် ကမ္ဘာမြေကိုပြန်မလာပဲ အဲဒီဂြိုလ်မှာပဲ တာဝန်ထမ်းဆောင်နေတာပါ ကမ္ဘာမြေမှာ အင်ဒီ(Teagan Croft)လို့ခေါ်တဲ့သမီးငယ်လေးဟာ သူ့အဖေနဲ့တွေ့ရဖို့ အဲဒီဂြိုလ်ကိုလိုက်လာခဲ့ပြီး အိုဆိုင်းရစ်မြို့တော်က သူ့အဖေရဲ့တိုက်ခန်းမှာ တည်းခိုနေပါတယ်အဲဒီ ဂြိုလ်မှာ ကမ္ဘာဂြိုလ်ကအကျဉ်းသားတွေထားတဲ့ ထောင် တခုရှိပြီး ဆိုင် လွန်းဘရော့ခ် (Kellan Lutz (twilight ဇာတ်ကားတွေမှာ Emmett Cullen အဖြစ်ပါဝင်ခဲ့တဲ့သူ)) ဟာ သူနာပြုဘဝကနေ လူသတ်မှုနဲ့ နှစ်ရှည်ထောင်ကျခဲ့ပါတယ် သူဟာ အဲဒီထောင်ကနေ ဖောက်ပြေးနိုင်ဖို့ကြိုးစားရင်း သတ္တဝါကြိးတွေပါ လွတ်ထွက်ကုန်ပြီး လူတွေအသတ်ခံ မြို့တွေအဖျက်ဆီးခံရတဲ့အခြေအနေကို ရောက်ရှိသွားပါတယ် လျင်လျင်မြန်မြန်ပျံ့နှံ့သွားတဲ့ ဒီသတ္တဝါကြီးတွေကြောင့် မြို့တော်ကလူတွေကို မရွေ့နိုင်တော့ပဲ အဲဒီအကောင်ကြိးတွေကို သတ်ဖြတ်ဖို့ နျူလက်နက်ထုတ်သုံးဖို့ ဗိုလ်ချုပ်ကြိးလင်းနစ်က ဆုံးဖြတ်ချက်ချလိုက်တဲ့အချိန်မှာ ကိန်းတယောက် မြို့တော်ထဲက သူ့သမီးလေးကို သွားကယ်ဖို့လိုအပ်လာပါတယ်ဒီအခြေအနေတွေမှာ သူတို့ဘယ်လိုဆက်စပ်သွားကြပြီးတော့ ဂျစ်(Isabel Lucas(၂၀၀၉ ထုတ် transformer ကားထဲက Alice)နဲ့ ဘီလ်(Luke Ford(၂၀၀၈ ထုတ် Jetli:the mummy return ထဲက Alex O’Conell)တို့တွေ ဘယ်လို ပေါင်းစပ်ပြီး လွတ်မြောက်ဖို့ကြိုးစားကြမလဲသူတို့လွတ်မြောက်ရဲ့လား ဆိုတာကတော့ဒီ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းလေးမှာ ရင်တမမနဲ့စောင့်ကြည့်ချင်စရာ ကောင်းလှပါတယ်IMDB Rating 5.9 ရရှိထားပြီး Rottentomatoes 75 % ရရှိထားပြီး ၂၀၁၆ ခုနှစ် ဧပြီလ ၁၁ ရက်နေ့မှာ Madman Entertainment က ဖြန့်ချိထားတဲ့ ခေတ်လွန်သိပ္ပံဇာတ်လမ်းလေး တခုဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူက ကိုချမ်းမြေ့သူအောင်ပါ…..