-
Movie Name
-
My Stupid Cupid (ဦးပြန်ချစ်မယ့်နည်းလမ်း)(2025)
-
Year
-
2025
-
Generes
-
Drama
-
Code
-
ST1064
-
Type
-
Series
-
Size
-
8.27 GB
-
Country
-
Thai
-
Description
-
ဒီတစ်ခေါက်မှာတော့ အချစ်ဇာတ်လမ်းလေးကိုမှ နှစ်ထပ်ကွမ်းအချစ်ဇာတ်လမ်းလေးအကြောင်းရိုက်ကူးထားတဲ့ series လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။
” မီ ” နဲ့ ” မိက့် ” ဆိုတဲ့ ခပ်လန်းလန်းဦး၂ ယောက်နဲ့ ခပ်စွာစွာကောင်မလေး ၂ ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ပြောရရင်တော့ ” ဦးနဲ့ကလေး” ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။
” မီ ” ဆိုတဲ့ဦးလေးကြီးဟာ အေးဆေးတည်ငြိမ်ပြီးလူကြီးလူကောင်းဆန်တဲ့သူမို့ မိန်းကလေးတိုင်းကသဘောကျပြီး လက်ထပ်ချင်နေတဲ့သူဖြစ်ပါတယ်။ အဲဒီထဲ “နမ်းဖိန်” ဆိုတဲ့သရက်ခြံပိုင်ရှင် ခပ်သွက်သွက်ကောင်မလေးလည်းအပါအဝင်ပေါ့။ “နမ်းဖိန်” ဟာ အဘွားရဲ့အကြံပေးချက်အရ သရက်ခြံကိုဦးစီးရမှာဖြစ်လို့ “ဦးလေးကြီးမီ” နဲ့လက်ထပ်နိုင်ဖို့အရေး မရမကကြိုးစားပါတော့တယ် ။ဦးလေးကြီးကရော “နမ်းဖိန်” ကိုပြန်ကြိုက်လာနိုင်ပါ့မလား သူတို့အတွဲအဆင်ပြေကြပါ့မလား….
“နမ်းဖိန်” ကရောဦးလေးကြီးကို တကယ်သဘောကျရဲ့လားဆိုတာကို စောင့်ကြည့်ရမှာပါ။
ဒါ့အပြင် နောက်ထပ်အတွဲတစ်တွဲဖြစ်တဲ့ “ဦးလေးကြီးမိက့်” နဲ့ ချစ်စရာကောင်းပြီး ခပ်စွာစွာကောင်မလေး “ဖရာဒေါင်ဝ်” အတွဲလေးလည်း ကျန်နေပါသေးတယ်နော်။ ဒီအတွဲလေးမှာတော့ အသက်ငယ်ရင်လုံးဝမကြိုက်ပါဘူးဆိုတဲ့ “ဦးလေးမိက့်” နဲ့ ဆယ်ကျော်သက်တို့သဘာဝ လောကကြီးကိုအရွဲ့တိုက်တတ်တဲ့ ခပ်စွာစွာကောင်မလေးတို့ဇာတ်လမ်းလေးကိုလည်း Series တစ်ခုထဲမှာ အတွဲ၂ တွဲရဲ့ ချစ်စရာကောင်းမှုတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦးရှင်….