Movie Name
Detective Ujjwalan (2025)
Year
2025
Generes
Crime
Code
IND1704
Type
Movie
Size
791 MB
Country
Bollywood
Description
Netflix ကထုတ်လွှင့်တဲ့ သည်းထိပ်ရင်ဖိုနဲ့ ဟာသပေါင်းစပ်ထားတဲ့ စုံထောက်ကားသစ်လေး တင်ဆက်ပေးထားပါတယ် ဇာတ်လမ်းကတော့ ရာဇဝတ်မှုကင်းစင်ပြီး အမှုဆိုလို ငှက်ပျောသီး အုန်းသီးလောက်ပဲ အခိုးခံရတဲ့ရွာလေးနဲ့ အစချီထားပါတယ် ဒီရွာလေးရဲ့ နှစ် ၅၀ပြည့်အထိမ်းအမှတ်မှာ SI ဆာချင်တစ်ယောက် မိန့်ခွန်းပြောလေတော့ ဒီရွာမှာ ပြစ်မှုမရှိလို ရဲတွေတောင် ပျင်းနေရကြောင်း အစချီပြောလိုက်လေတော့…. မိန့်ခွန်းထုတ်လွှင့်ပြီးနောက်ရက်မှာတင် ရွာထဲက လူတစ်ယောက် ရက်ရက်စက်စက် သ-တ်ခံထားရပါလေရော နှစ်ချီ အခင်းမဖြစ်ဖူးတော့ လုပ်ထုံးလုပ်နည်းတွေတောင်မေ့နေကြတဲ့ ရဲတွေအဖို အူဂျဝါလန်ဆိုတဲ့လူကို အကူညီတောင်းရပါတော့တယ် အူဂျဝါလန်က ဘာလဲဆိုရင်တော့ စုံထောက်ကားတွေအကြည့်များပြီး နေရာစုံ ထောင့်စေ့အောင်ကြည့်တတ်ပြီး ရေပုံးပျောက်မှုကအစ ဆွဲကြိုး နေရာအထားမှားမှုအဆုံးထိအမှုတိုင်းဖြေရှင်းနိုင်သူပါ ရဲတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်သူပေါ့…. သာမန်ခိုးမှုလေးတွေပဲ ဖြေရှင်းတတ်တဲ့လူက ပထမဆုံးလူသတ်မှုကို ကိုင်တွယ်ရတဲ့အခါမှာတော့ သူ့ဉာဏ်ရည်နဲ့ ဘယ်လိုတွေနှစ်ပါးသွားမယ်ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါဦးရှင်……