-
Movie Name
-
Chennai City Gangsters (2025)
-
Year
-
2025
-
Generes
-
Comedy
-
Code
-
IND1706
-
Type
-
Movie
-
Size
-
1.08 GB
-
Country
-
Bollywood
-
Description
-
ပါဆူပါသီဟာ သူခိုးကြမ်းပိုးလေးဖြစ်ပြီး ခိုးရာပါပစ္စည်းနဲ့ လက်ပူးလက်ကြပ်မိခါနီးမှာ
ပန်ဒီနဲ့ပူချီဆိုတဲ့ ကောင်လေးနှစ်ယောက်ကြောင့် လက်မတင်လေး လွတ်သွားပါတယ်။
အဲဒါနဲ့ပဲ ဒီကလေးနှစ်ယောက် ငါနဲ့ကံစပ်တယ်ဆိုပြီး အိမ်မှာခေါ်ထားရင်းနဲ့ ပူဒီနဲ့ပန်ချီလည်း သူခိုးကြီးမွေးစားတော့ သူခိုးလေးတွေဖြစ်လာတာပေါ့။
တစ်နေ့မှာတော့ ပါဆူပါသီရဲ့အစ်ကိုကြီး ဆိုက်ကိုဆာလင်းက သူ့ရဲ့ ၅ ယောက်မြောက်
စမောလေးကိုအမ်းဖို့ ငွေကြပ်နေလို့ သူ့အိမ်က ၂ ကုဋေထည့်ထားတဲ့ ငွေထုပ်
ဓားပြတိုက်ခံရသလိုဟန်ဆောင်ပြီး အာမခံလိမ်ထုတ်ဖို့ကြံနေတာကို ပါဆူပါသီကို ခေါ်ပြောပါတော့တယ်။
အသက်ကြီးနေတဲ့ ပါဆူပါသီက သူကိုယ်တိုင်မလုပ်တော့ဘဲ
သူ့ရဲ့လက်သစ်တပည့်ကျော်နှစ်ယောက်ဖြစ်တဲ့ ပန်ဒီနဲ့ပူချီကို တာဝန်ပေးလိုက်တော့တာပေါ့။
နဂိုထဲက နုံနုံအအဖြစ်နေတဲ့ ပူချီနဲ့ပန်ဒီတို့ ငွေထုပ်ကို အလွဲသုံးဆယ်နဲ့ခိုးလာပြီးမှ
အရက်ဆိုင်ဝင်ထိုင်မှု အကြောင်းပြုပြီး ငွေထုပ်နဲ့အမှိုက်ထုပ် မှားကောက်လာမိတဲ့အခါမှာတော့…