Movie Name
Welcome (2020)
Year
2020
Generes
Comedy, Drama, Fantasy, Romance
Code
SKR0086
Type
Series
Size
6.53 GB
Country
Korea
Description
Welcome drama လေးကတော့ fantasy romantic comedy drama အမျိုးအစားဖြစ်ပြီးတော့ webtoon ကိုအခြေခံပြီးရေးထားတာဖြစ်ပါတယ် ၊ ခေါင်းဆောင်မင်းသား Hong-Zo (Kim Myung Soo) ကိုအားလုံးသိထားကြပြီးသားဖြစ်မှာပါ… Angle last’s mission ထဲက ပါးချိုင့်လေးနဲ့နတ်သားလေးကို ဒီဇာတ်လမ်းထဲမှာတော့ လူသားအသွင်ပြောင်းနိုင်တဲ့ ကြောင်လေးတစ်ကောင်အဖြစ်နဲ့ မြင်ရတော့မှာပါ ၊ သူ့ရဲ့တာဝန်ကတော့ သူရဲ့သခင် Sol Ah ရဲ့တစ်နေ့တာပူပန်မှုတွေကိုနားထောင်ပေးပြီး ဒဏ်ရာတွေကုစားပေးရမှာပါ ။ မင်းသမီးလေးကတော့ ‘He is Psychometric’ ဇာတ်ကားနဲ့ လူသိများလာတဲ့ နှာခေါင်းမည့်လေးနဲ့ ရိုးရိုးရှင်းရှင်းလေးနဲ့လှတဲ့မင်းသမီးလေး Sol Ah တစ်ဖြစ်လဲ Shin Ye Eun ပဲဖြစ်ပါတယ် ၊ သူမကတော့ web-based comic author ဖြစ်ချင်နေတဲ့သူတစ်ယောင်ပါ ၊ ကြောင်လေးတွေကိုအရမ်းချစ်တတ်တဲ့သူပေါ့ … Sol Ah ရဲ့ဘဝအပြောင်းအလဲကတော့ ချစ်ဖို့ကောင်းတဲ့ကြောင်လေးတစ်ကောင်ကို အိမ်ကိုခေါ်လာမိရာကနေစတင်ပါတော့တယ် ၊ အဲ့ကြောင်လေးကတော့ သာမန်ကြောင်လေးတစ်ကောင်မဟုတ်ဘဲနဲ့ လူသားအသွင်ဖန်တီးနိုင်တဲ့ကြောင်လေးတစ်ကောင်လည်းဖြစ်ပါတယ် ၊ နာမည်ကတော့ Hong Jo ပေါ့… Hong Jo လေးဟာ Sol Ah လေးအတွက်အချစ်ရဆုံးသောကြောင်လေးတစ်ကောင် ဖြစ်လာခဲ့ပါတယ် ၊ သူ့ရဲ့အစွမ်းသတ္တိကိုဖုံးကွယ်ပြီးတော့ Sol Ah အနားမှာနေရဖို့အတွက် ဘာမဆိုလုပ်နိုင်တယ်ဆိုတာကိုလည်း သက်သေပြနိုင်ခဲ့ပါတယ် ကဲ ကြောင်လေး Hong Jo တစ်ယောက် သူ့ရဲ့လျှို့ဝှက်ချက်ကိုတစ်သက်လုံးဖုံးကွယ်သွားနိုင်မလား ၊ ဒါမှမဟုတ် ကြောင်လေးနဲ့လူသားကြားထဲက ချစ်ခြင်းမေတ္တာတွေက ဘယ်လောက်တောင်နက်ရှိုင်းလာမလဲ ဘယ်လိုဆန်းကြယ်မှုတွေကို တွေ့မြင်ရမလဲဆိုတာကို… ဗုဒ္ဓဟူးနေ့နဲ့ကြာသပတေးနေ့မှာ လာတဲ့ ဒီ Welcome ဆိုတဲ့ဒရမ်မာလေးကနေ ဆက်လက်စောင့်ကြည့်ပေးကြပါဦး ၊ အပိုင်းကတော့ ၃၂ ပိုင်းပါဝင်သွားမှာဖြစ်ပြီးတော့ တစ်ပတ်ကို ၄ ပိုင်းနှုန်းနဲ့ ထုတ်လွှင့်သွားမှာဖြစ်ပါတယ် ။ (အညွှန်းနဲ့ဘာသာပြန်သူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ်)