-
Movie Name
-
Siulan Kematian (2025)
-
Year
-
2025
-
Generes
-
Horror
-
Code
-
OT0228
-
Type
-
Movie
-
Size
-
547 MB
-
Country
-
Others
-
Description
-
ရိုးရာယုံကြည်မှုအစွဲအလန်းတွေဟာ အစွန်းရောက်တဲ့အထိ ဖက်တွယ်ထားဖို့အဆင်မပြေဘူးဆိုပေမယ့် တစ်ခါတစ်လေမှာပစ်ပယ်ထားလို့မရတဲ့အရာမျိုးတွေရှိနေတတ်ပြန်ပါသေးတယ်။
အီပန်းဆိုတဲ့ကောင်လေးကတော့ အဘိုးအဘွားတွေ ဆုံးမလေ့ရှိတဲ့နေဝင်ရီတရောအချိန်မှာလေမချွန်နဲ့ဆိုတဲ့ တားမြစ်ချက်ကိုဖောက်ဖျက်ခဲ့မိလို့ အိမ်မက်ဆိုးတွေအကြိမ်ကြိမ်မက်၊ မမြင်အပ်တဲ့အရာတွေကိုထပ်တလဲလဲမြင်ရာကနေပြီး လိပ်ပြာငယ်လာတဲ့နောက် တစ်ဖက်လောကမှာရှိတဲ့ မကောင်းဆိုးဝါးဖုတ်သရဲက လူလဲဖို့ကြိုးစားလာတဲ့အထိ အသက်အန္တရာယ်ကြုံတွေ့ခဲ့ရပါတယ်။
ဒါတွေအားလုံးဟာ သူတို့ရွာက ပတေးဆိုတဲ့ လူတစ်ယောက်ရွာအစွန်တောအုပ်ထဲကို ငှက်သွားဖမ်းရာကနေ မမြင်အပ်တဲ့တစ်စုံတစ်ရာရဲ့ဖမ်းဆီးခေါ်သွားမှုကို ခံခဲ့ရပြီးပြန်ရောက်အလာမှာ အိပ်ယာပေါ်မလှုပ်မယှက်ပက်လက်ဘ၀ကိုရောက်သွားတဲ့ဖြစ်ရပ်ကနေ စတင်ခဲ့ပါတယ်။
ခင်ပွန်းဖြစ်သူကို ဒီဘ၀ကနေ လွတ်မြောက်ဖို့ပတေးရဲ့ဇနီးကဖြစ်တဲ့နည်းနဲ့ကြိုးစားတော့မှာဖြစ်တဲ့အတွက် ဒီဖြစ်ရပ်တွေဟာ အီပန်းနဲ့တကွတစ်ရွာလုံးနဲ့ပါ ဘယ်လိုဆက်စပ်ဂယက်ရိုက်လာမလဲ?
အီပန်းတစ်ယောက်ရော လူစားလဲခံရမယ့် အန္တရာယ်ကနေလွတ်မြောက်နိုင်ပါ့မလားအစရှိတာတွေကိုသဲထိတ်ရင်ဖိုရှုစားကြရမယ့် ဟော်ရာကားကောင်းတစ်ကားပါပဲ။