Movie Name
The First Night With The Duke (2025)
Year
2025
Generes
Comedy, Fantasy, Historical, Romance
Code
SKR1096
Type
Series
Size
4.61 GB
Country
Korea
Description
1-12 Complete နန်းတွင်းကားချစ်သူတွေအတွက် plot ဆန်းဆန်းလေးနဲ့ နန်းတွင်းကားသစ်တစ်ကား ထွက်ရှိလာပါပြီ။ Main Lead တွေကတော့ အကုန်လုံးရဲ့ အချစ်တော်တွေဖြစ်တဲ့ 2PM ထဲက Ok Taec Yeon နဲ့ SNSD ထဲက Seo Hyun တို့ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း- သာမန် တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ဖြစ်တဖြစ်တဲ့ K ( Seohyun ) ဟာ တစ်ရက်မှာတော့ သူအကြိုက်ဆုံး ဝတ္ထုထဲက အရံဇာတ်ကောင် Cha Seon Chaek နေရာကို ရုတ်တရက်ကြီး ရောက်ရှိသွားခဲ့ပါတယ်။ ဒီလိုနဲ့ Cha Seon Chaek နေရာမှာ ရောက်နေတဲ့ K ဟာ အဲဒီဝတ္ထုရဲ့ အမျိုးသားဇာတ်ဆောင်ဖြစ်တဲ့ Lee Beon ( Tacyeon ) နဲ့ တစ်ညတာ ဖြတ်သန်းဖို့ ဖြစ်လာပေမဲ့လည်း Cha Seon Chaek ဇာတ်ကောင်ရဲ့ တာဝန်က Lee Beon ကို အမျိုးသမီးဇာတ်ဆောင် Cho Eun Ae နဲ့ အောင်သွယ်ပေးဖို့ ဖြစ်တဲ့အတွက် Cha Seon Chaek က ကြိုးစားပမ်းစားအောင်သွယ်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်ညတာ အတူဖြတ်သန်းပြီးတဲ့နောက်မှာ ရင်နာစရာအတိတ်အကြောင်းကို နှစ်သိမ့်ပေးခဲ့တဲ့ Cha Seon Chaek ကို ယိမ်းယိုင်သွားတဲ့ Lee Beon ကတော့ Cha Seon Chaek မှ Cha Seon Chaek ဖြစ်လာတဲ့အခါမှာတော့… အရံဇာတ်ကောင်လေး Cha Seon Chaek ရဲ့ ကံကြမ္မာက K ရောက်လာပြီးမှ ဘယ်လိုတွေပြောင်းလဲသွားမလဲ.. အဓိက ဇာတ်ဆောင် Lee Beon ရဲ့ နှလုံးသားကရော အရံဇာတ်ကောင်လေးဆီကိုပဲ အပြီးပိုင် ရောက်သွားမလား