Movie Name
The First Frost (ရင်ခုန်ပါ့မလား သူငယ်ချင်းလေးရေ) (2025)
Year
2025
Generes
Drama, Romance
Code
SC0942
Type
Series
Size
13.2 GB
Country
China
Description
1-32 Complete မွေးရပ်မြေကို အလုပ်လုပ်ဖို့ ပြန်လာခဲ့တဲ့ Wen Yi Fan တစ်ယောက် တစ်နေ့မှာတော့ မထင်မှတ်ဘဲ သူ့ရဲ့ အချစ်ဟောင်းဖြစ်သလို အထက်တန်းကျောင်းနေဖက်ဖြစ်ခဲ့တဲ့ Sang Yan နဲ့ တွေ့ဆုံခဲ့ပါတယ်။ နှစ်တွေအများကြီးကြာအောင် လမ်းခွဲခဲ့ကြတဲ့သူတွေမို့ တစ်ယောက်နဲ့တစ်ယောက် မသိချင်ယောင်ဆောင်ထားပေမဲ့ ကံကြမ္မာက သူတို့ကို အကြိမ်ကြိမ် ဆုံတွေ့စေခဲ့ပါတယ်။ ဒီလိုနဲ့ Wen Yi Fan ဟာ သူ့ဘေးအိမ်က လူရဲ့ နှောင့်ယှက်မှုကြောင့် အိမ်ပြောင်းဖို့ကလွဲပြီး တခြားရွေးချယ်စရာမရှိခဲ့သလို တစ်ဖက်မှာလည်း Sang Yan ရဲ့ တိုက်ခန်းဟာ သူ့အိမ်နီးနားချင်းအိမ်ရဲ့ မီးလောင်မှုကြောင့် ပျက်စီးသွားပြီး ပြန်ပြုပြင်ဖို့ လိုအပ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တစ်ယောက်ကိုတစ်ယောက် ရှောင်ပြေးနေကြတဲ့ သူတို့ ၂ ယောက်ဟာ လွဲချော်မှုပေါင်းစုံကြောင့် ၃ လတိတိတစ်အိမ်တည်း အတူတူငှားနေဖို့ ဖြစ်လာပါတော့တယ်။ ဒီ ၃ လအတွင်းမှာ Sang Yan ရဲ့ စေ့စပ်တဲ့ဂရုစိုက်မှုတွေက Wen Yi Fan ရဲ့ နှလုံးသားတံခါးကို တစ်ဖန်ပြန်ပွင့်လာစေခဲ့ပြီး သူ့ဘက်ကနေ Sang Yan ကို ပြန်လိုက်ဖို့ သတ္တိတွေရှိလာစေခဲ့သလို Sang Yan ကလည်း သူ့အချစ်ကို စိတ်ရင်းအပြည့်နဲ့ ဖွင့်ဟခဲ့ပြီး သူတို့ ၂ ယောက်ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။ အထက်တန်းကျောင်းပြီးရင် တက္ကသိုလ်အတူတူလျှောက်ကြဖို့ သူတို့ ၂ ယောက်ကြားမှာ ကတိပေးထားခဲ့ပေမဲ့ အဲဒီကတိကို ဘာကြောင့် မတည်နိုင်ခဲ့လဲဆိုတာကိုတော့ Wen Yi Fan က နောက်ပိုင်းမှာ Sang Yan ကို ပြောပြခဲ့ပါတယ်။ အဖြစ်မှန်ကို သိသွားတဲ့ Sang Yan ဟာလည်း Wen Yi Fan အပေါ် နောက်ထပ် ဘယ်လိုနာကျင်ထိခိုက်မှုမျိုးမှ မရှိစေရဘူးလို့ ကတိပေးခဲ့ပြီး သူ့ကတိအတိုင်း အပြည့်အဝကာကွယ်ပေးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Sang Yan ကိုယ်တိုင်ဒီဇိုင်းဆွဲထားတဲ့ အိမ်အသစ်ကို သူတို့ ၂ ယောက် ရွှေ့ပြောင်းပြီး အတူတူပျော်ရွှင်စွာ‌ နေထိုင်သွားခဲ့ပါတယ်။