Movie Name
Womb (2025)
Year
2025
Generes
Horror, Thriller
Code
EN4600
Type
Movie
Size
810 MB
Country
Hollywood
Description
Womb(2025) ဟာဆိုရင် လက်ရှိဘဝနဲ့နီးစပ်တဲ့ အဖြစ်အပျက်တွေကို စိတ်ခြောက်ခြားဖွယ်ဖြစ်အောင် ရိုက်ကူးထားတဲ့ horror/thriller ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။ Jumpscare တွေမပါပဲ ဇာတ်အိမ်နှေးနှေးကနေစပြီး တဖြည်းဖြည်း စိတ်မသက်သာဖြစ်အောင် ရိုက်ကူးထားတဲ့ ဇာတ်ကားမို thriller ရုပ်ရှင်ချစ်သမားတွေအတွက် အကြိုက်ဖြစ်စေမှာသေချာပါတယ်။ ဟေလီ ဆိုတဲ့ကောင်မလေးက အရင်ကဆေးစွဲခဲ့ပေမယ့် ကိုယ်ဝန်ရပြီးနောက် ဆေးဖြတ်ပြီး ဘဝကိုပိုကောင်းအောင် နေထိုင်ဖိုကြိုးစားနေတဲ့မိခင်လောင်းတယောက်ဖြစ်ပါတယ်။ သူနဲ့သူ့အမျိုးသားလောင်း ရေမွန်က ရေမွန့်အစ်မနဲ့တွေ့ဖို မြိုစွန်က အမဲလိုက်အိမ်တခုကို အနားယူခရီးထွက်လာခဲ့ ကြပါတယ်။ ဒီလိုနဲ့ ဟေလီဟာ ကိုယ်ဝန်ဆောင်သည်တွေကိုသတ်ဖြတ်ပြီး ဗိုက်ထဲကသန္ဓေသားလောင်းကိုလုယူတတ်တဲ့ သားအိမ် အကြမ်းဖက်သမားတယောက်ရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါ တော့တယ်။ မိခင်စိတ်ဟာ လူတွေကို ဘယ်လိုအရာတွေအထိ တွန်းပိုပေးနိုင်သလဲ ဆိုတာထိမိအောင်ရိုက်ကူးထားတာကို ဒီဇာတ်ကားမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီစိတ္တဇ အကြမ်းဖက်သမားက ဘယ်သူလဲ….. ဘာကြောင့်ဒီလိုလုပ်နေရတာလဲ….. ဟေလီတယောက်ရော သူ့ကလေးလေးနဲ့အတူ လွတ်မြောက် သွားနိုင်မလား ဆိုတာကို တူတူစောင့်ကြည့်လိုက်ကြရအောင်…။