Movie Name
Halabala (2025)
Year
2025
Generes
Horror
Code
TH0185
Type
Movie
Size
834 MB
Country
Thai
Description
ATM မင်းသားလို့ နာမည်ကြီးတဲ့ တို့များ မမဒါဝိရဲ့ ခင်ပွန်းလောင်းလေးနဲ့ မင်းသမီးချောလေး Nychaa တို့ရဲ့ ရှယ်ကြမ်းပလန်နဲ့ ကြမ်းတဲ့ သရဲကားလေး ထွက်ရှိလို့လာခဲ့ပါပြီ။ ဒန်ဆိုတာကတော့ ချောင်ကျကျမြို့လေးတစ်မြို့က ရဲအရာရှိတစ်ယောက်ပါ၊ သူဟာ လူဆိုးတွေကို လိုက်လံဖမ်းဆီးတဲ့နေရာမှာ တွေ့ရာနေရာမှာတင် သတ်ပစ်လိုက်တဲ့အတွက် အလောင်းတစ်ရာ ဒန် ဆိုပြီး နာမည်ကြီးပါတယ်။ ဒန့်မှာ ကိုယ်ဝန်အတော်ရင့်နေပြီဖြစ်တဲ့ ဇနီးသည်လည်းရှိပါတယ်။ ဒန့် ဇနီးသည် ဝီကတော့ ဒန့်ကို လူသတ်ရတဲ့ ဒီအလုပ်ကို ဆက်မလုပ်စေချင်တော့ပါဘူး။ ဘန်ကောက်ကိုပြောင်းပြီး အေးအေးချမ်းချမ်း နေချင်နေသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ မီးတောက်မျက်လုံး ထပ် ဆိုတဲ့ နာမည်ကြီး ရာဇဝတ်ကောင်က ဟာလာဘလာ တောထဲ ထောင်ဖောက်ပြေးသွားတဲ့သတင်းကို သိလိုက်ရတဲ့နောက်မှာ ဒန်တစ်ယောက် ထပ် ကို လိုက်ဖမ်းဖို့ တာဝန်ပေးခံရပါတော့တယ်။ ဒီလိုနဲ့ ထပ် ဝင်ရောက်သွားတဲ့ ဟာလာဘလာ တောထဲကို လိုက်ခဲ့ရင်း ဘယ်လို ခြောက်ခြားစရာတွေ ကြုံတွေ့လာရမလဲဆိုတာကတော့ ဆက်လက်ကြည့်ရှုပေးကြပါဦး။