Movie Name
Badmashulu (2025)
Year
2025
Generes
Comedy, Drama
Code
IND1720
Type
Movie
Size
0.99 GB
Country
Bollywood
Description
ဒီတစ်ခါမှာတော့ ဘောလိဝုဒ်ပရိသတ်ကြီးအတွက် တေလဂူစကားပြော ဟာသ-ဒရာမာ ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သမားရိုးကျ ချစ်ကြိုက်ကွဲညားမဟုတ်ဘဲ ကျေးလက်သဘာ၀ကို နောက်ခံထားပြီး အလွဲပေါင်းစုံနဲ့ ရယ်ရယ်မောမော ကြည့်ရှုကြရမှာပါ။ ကျေးရွာလေးတစ်ရွာမှာ တစ်ဦးတည်းသော စက်ချုပ်ဆရာနဲ့ ဆံသဆရာတို့ ရှိပါတယ်။ စက်ချုပ်ဆရာကလည်း အရပ်ထုံးစံအတိုင်း အင်္ကျီတစ်ခါလာအပ်ထားရင် နေ့ရွှေ့ညရွှေ့နဲ့ တော်တော်နဲ့ပြန်မရတတ်ပါဘူး။ တစ်ခါတလေ ပိတ်စတွေမှားပေးတာ ပြန်ရောင်းစားလိုက်တာနဲ့ ပြဿနာပေါင်းကလည်း သောင်းခြောက်ထောင်ပါ။ ဆံသဆရာကလည်း ဆိုင်မှာဆံပင်ညှပ်သူတွေ ပုံနေပေမဲ့ သူကအမြဲအပြင်ရောက်နေတတ်ပါတယ်။ အများအားဖြင့်ကတော့ စက်ချုပ်ဆရာနဲ့ဆံသဆရာပေါင်းပြီး အရက်သောက်နေကြတာကများပါတယ်။ သူတို့နှစ်ယောက်ပေါင်းပြီး ဘယ်လိုပြဿနာတွေရှာကြမလဲ၊ ဘယ်လိုအခွီတွေကြည့်ကြရမလဲ၊ အလုပ်ကိုအလေးမထားတဲ့ သူတို့နှစ်ဦး ဘာတွေကြုံရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ။