Movie Name
Ne Zha 2 (2025)
Year
2025
Generes
Action, Animation, Drama, Fantasy
Code
AN0746
Type
Movie
Size
2.17 GB
Country
Hollywood
Description
ဝင်ငွေအများဆုံး နံပတ်တစ် Animation ရုပ်ရှင်ဖြစ်တဲ့ Nezha 2 ရုပ်ရှင်ဟာ ဒီနေ့ Digital ထွက်ရှိလာပြီ ဖြစ်ပါတယ်။ Fengshen Cinematic Universe ထဲက နီကျား 2 ရုပ်ရှင်ဟာ ရုံတင်ရက် ( ၅၂ )ရက်မှာ စုစုပေါင်း $2.2 billion အထိ ရရှိခဲ့ပြီး ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုတွေကိုလည်း ရရှိထားပါတယ်။ Fengshen Cinematic Universe (FCU) ဆိုတာကတော့ တရုတ်ဒဏ္ဍာရီလာ “Fengshen Yanyi” (封神演义) ဇာတ်လမ်းအပေါ်အခြေခံထားပြီး၊ ဒဏ္ဍာရီဇာတ်ကောင်များနှင့် ဇာတ်လမ်းများကို Animation အဖြစ်ရိုက်ကူးထားသော ရုပ်ရှင်တွေဖြစ်ပါတယ်။ ဒါ့အပြင် ” Chinese Mythology Universe ” (သို့) Nezha ရဲ့အောင်မြင်မှုကြောင့် “Nezha Universe” လို့လည်း တစ်ချို့က ခေါ်ဆိုကြပါသေးတယ်။ အရင်ကတည်းက ကျုံးကော်မြေက Donghua တွေဟာ တစ်မူထူးခြားပြီး လှပတဲ့ဇာတ်ကောင်ရေးဆွဲမှုတွေကြောင့် ကြည့်ရတာမျက်စိပသာဒဖြစ်ပြီး လူကြိုက်များရေပန်းစားပါတယ်။ ဒါကိုမှ ကြီးမားကျယ်ပြန့်လှတဲ့ တရုတ်ဒဏ္ဍာရီရဲ့ ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းတွေကို ဆွဲထုတ်ပြီး ပြန်လည်ပုံဖော်လိုက်တဲ့အခါမှာတော့ လက်ရှိ Hot ဖြစ်နေတဲ့ နီကျားတို့လို ရုပ်ရှင်တွေ ဖြစ်ပေါ်လာပါတော့တယ်။ ဒါဆို FCU မှာ ဘယ်ရုပ်ရှင်တွေ ပါတာလဲဆိုရင်တော့ အောက်ကရုပ်ရှင်တွေပါ။ (အကုန်လုံးကို CM App နဲ့ Web မှာ တင်ပြီးသားမလို့ ရှာပြီးကြည့်လို့ရပါတယ်နော်။) – Nezha (2019) – Jiang Ziya (2020) – Monkey King: Hero is Back (2015) – Nezha II ( 2025 ) ဒီနေရာမှာ မင်းသားကြီးဂျက်ကီချန်းအသံသရုပ်ဆောင်ထားတဲ့ Monkey King: Hero is Back ( 2015 ) က အရင်ထွက်ရှိတာဆိုပေမယ့်လည်း FCU ရဲ့ ပထမဆုံးရုပ်ရှင်က Nezha (2019) ဖြစ်ပါတယ်။ Monkey King: Hero is Back ထဲက ဇာတ်ကောင်တွေကိုတော့ Jiang Ziya (2020)ရုပ်ရှင်မှာမှ ပြန်လည်ထည့်သွင်းပြီး Universe ထည့်ထားတာဖြစ်ပါတယ်။ နီကျား(၂)ရဲ့ စံချိန်တင်အောင်မြင်မှုဟာ FCU အတွက်တော့ ကြီးမားတဲ့လမ်းစဖြစ်သွားခဲ့ပြီး တခြားဇာတ်ကောင်တွေအတွက်ပါ အခွင့်အလမ်းရသွားစေခဲ့ပါတယ်။ လက်ရှိမှာ နီကျား (၃ ) ထပ်မံထွက်ရှိမှာဖြစ်ကြောင်း အတည်ပြုထားပြီး တခြားဘယ်ဇာတ်ကောင်တွေ ပွဲထုတ်လာဦးမလဲဆိုတာ စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်ပါ။