Movie Name
Norma Antara Mertua Dan Menantu (2025)
Year
2025
Generes
Drama, Romance
Code
OT0232
Type
Movie
Size
965 MB
Country
Others
Description
ဒီရုပ်ရှင်ဟာ အင်ဒိုနီးရှားနိုင်ငံမှာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က တကယ်ဖြစ်ခဲ့တဲ့အကြောင်းအရာကို အခြေခံထားပါတယ်။ မိခင်နဲ့လင်တို့ရဲ့သစ္စာဖောက်မှုကြောင့် ပျက်စီးခဲ့ရတဲ့မိသားစုဘဝအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ နူးညံ့သိမ်မွေ့ပြီး စိတ်ထားဖြူစင်တဲ့နော်မာဆိုတဲ့မိန်းကလေးဟာ သူ့အချစ်ဉီးအာဖန်နဲ့လက်ထပ်ရတာကို ကံကောင်းတယ်လို့ ယူဆထားခဲ့ပါတယ်။ သူတို့ရဲ့အိမ်ထောင်ရေးဘဝက ပျော်ရွှင်စရာကောင်းပြီး အာဖန်ကလည်း နော်မာကို အချစ်တွေအပြည့်နှင့် ချစ်ခင်စောင့်ရှောက်ပေးခဲ့ပါတယ်။ အာဖန်ဟာ နော်မာရဲ့မိဘတွေဖြစ်တဲ့ အာဘဒူလ်နဲ့ရီနာတို့ကိုပါ ကြည်ညိုလေးစားစွာ ဆက်ဆံခဲ့ပါတယ်။ ဒါပေမဲ့ အာဖန်ရဲ့ပြည့်စုံနေတဲ့ပြင်ပပုံရိပ်နောက်ကွယ်မှာ တခြားတစ်ယောက်နဲ့သစ္စာဖောက်နေကြောင်း နော်မာ သိရှိလိုက်ရပြီး ပိုဆိုးတာကတော့ အာဖန်နဲ့ဖောက်ပြန်နေတဲ့သူဟာ နော်မာရဲ့မိခင်အရင်း ရီနာကိုယ်တိုင်ဖြစ်နေခဲ့ပါတယ်။ ဒါကိုသိရှိလိုက်ရတဲ့နော်မာတစ်ယောက် အကြီးအကျယ်စိတ်ဓာတ်ပျက်ပြားခဲ့ရပြီး မိသားစုလည်း ပြိုကွဲသွားခဲ့ရပါတယ်။ နော်မာဟာ သူဘာကြောင့် အခုလိုဖြစ်ရတယ်ဆိုတာကို အဖြေရှာရင်း စိတ်ဒဏ်ရာများစွာနဲ့ ရုန်းကန်ခဲ့ရပါတယ်။ ဒီရုပ်ရှင်ဟာ စိတ်ခံစားမှုဆိုင်ရာ ဒဏ်ရာတွေနဲ့ မိသားစုပျက်စီးမှုတွေကို နက်နက်ရှိုင်းရှိုင်းပြသထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပြီး ကြည့်ရှုသူတွေကို စဉ်းစားဆင်ခြင်စေမယ့်အကြောင်းအရာတွေကိုလည်း ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။