Movie Name
Heavenly Ever After (2025)
Year
2025
Generes
Comedy, Fantasy, Romance
Code
SKR1100
Type
Series
Size
6.21 GB
Country
Korea
Description
1-12 Complete Heavenly Ever After ကတော့ ဘဝဇာတ်ကြောင်းဇာတ်လမ်းတွဲကိုမှ ခါတိုင်းဇာတ်လမ်းတွဲပုံစံတွေနဲ့မတူဘဲ fantasy, comedy တို့နဲ့ပေါင်းစပ်ပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲ အသစ်လေးဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ ထုတ်လုပ်‌ရေးအဖွဲ့က My Liberation Notes, The Light in Your Eyes, Behind Your Touch စတဲ့ လက်ရာမြောက် ဇာတ်လမ်းတွဲတွေကို ရေးသားရိုက်ကူးခဲ့တဲ့သူတွေဖြစ်လို့ လက်ရာဟောင်းတွေ ကြည့်လိုက်တာနဲ့တင် ဒီဇာတ်ကားအသစ်လေးရဲ့ လက်ရာကိုလည်း မျှော်လင့်လို့ရမှာ သေချာပါတယ်။ Cast တွေကို ကြည့်မယ်ဆိုရင်လည်း တကယ့်ထိပ်တန်းတွေဖြစ်တဲ့ မင်းသမီးကြီး Kim Hye Ja နဲ့ မင်းသမီး Han Ji Min၊ မင်းသား Son Suk Ku တို့က အဓိကပါဝင်ထားမို့ ကြည့်ပြီး နောင်တမရ‌စေမဲ့ ကားပါပဲ။ -ဇာတ်လမ်းအကျဉ်း- အီဟယ်ဆုဆိုတဲ့ အမျိုးသမီးကတော့ ခင်ပွန်းဖြစ်သူရဲ့ “မင်းက အသက်၂၀ကျော်တုန်းကလည်း လှတယ်.. အသက်၄၀ကျော်တုန်းကလည်း လှတယ်.. ဒါပေမဲ့ အခုအချိန်မှာ အလှဆုံးပဲ” ဆိုတဲ့ စကားတစ်ခွန်းကြောင့်ပဲ သူသေဆုံးပြီး ကောင်းကင်ဘုံကို ဝင်တော့မဲ့အချိန်မှာ မိမိဖြစ်စေချင်တဲ့ အရွယ်ကို ‌‌ရွေးလို့ရတာတောင်မှ သူသေဆုံးခဲ့တဲ့ အရွယ်ဖြစ်တဲ့ အသက် ၈၀အရွယ်အနေနဲ့ပဲ ကောင်းကင်ဘုံကို ဝင်ရောက်ပြီး ခင်ပွန်းဖြစ်သူနဲ့ ပြန်လည်တွေ့ဆုံဖို့ ဆုံးဖြတ်ခဲ့တဲ့သူပါ။ ဒါပေမဲ့ ကောင်းကင်ဘုံကို ရောက်တဲ့အခါမှာတော့ သူ့ခင်ပွန်းဖြစ်သူက လက်ရှိအရွယ်ပုံစံနဲ့မဟုတ်ဘဲ ငယ်ဘဝပုံစံအဖြစ် ရှိနေတာကို တွေ့လိုက်ရတော့တယ်။ ဒီလိုနဲ့ ကောင်းကင်ဘုံတစ်ခုလုံးမှာ အသက် ၈၀ အရွယ်ဆိုလို့ အီဟယ်ဆို တစ်ယောက်တည်းဖြစ်နေတော့တာပေါ့။ ကောင်းကင်ဘုံကိုအရင်ကြိုရောက်နေခဲ့တဲ့ အီဟယ်ဆုရဲ့ ခင်ပွန်း ဂိုနာ့ဂျွန်းဟာ ကမ္ဘာမြေကဆုတောင်းတွေကို ပို့ပေးတဲ့ စာပို့သမားအနေနဲ့ အလုပ်လုပ်နေပြီး ကောင်းကင်ဘုံမှာ အိမ်လှလှလေး တစ်လုံးဆောက်ကာ သူ့ဇနီးနဲ့ပြန်ဆုံဖို့ကို စောင့်နေခဲ့သူပဲဖြစ်တယ်။ ကောင်းကင်ဘုံမှာ ပြန်ဆုံတွေ့ကြမဲ့ အသက်အရွယ်မတူတော့တဲ့ အီဟယ်ဆုနဲ့ ဂိုနာ့ဂျွန်းတို့ နှစ်ယောက် ကောင်းကင်ဘုံမှာ ဘဝအသစ်ကို ဘယ်လိုတည်ထောင်သွားကြမလဲဆိုတာ