-
Movie Name
-
Law And The City (2025)
-
Year
-
2025
-
Generes
-
Drama, Romance
-
Code
-
SKR1101
-
Type
-
Series
-
Size
-
6.71 GB
-
Country
-
Korea
-
Description
-
1-12 Complete
ဥပဒေနဲ့ပက်သက်တဲ့ကိုရီးယားဒရာမာတွေကို ကြိုက်နှစ်သက်သူတွေအတွက် နာမည်ကြီး
မင်းသား/မင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားကြတဲ့ ရှေ့နေကားလေး ထွက်ရှိလာပါပြီ။
Main Cast တွေကတော့ အားလုံးသိထားပြီးသားဖြစ်တဲ့ W , Big mouth အစရှိတဲ့
နာမည်ကြီးဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Lee Jong Suk , True Beauty ,
My dearest Nemesis ထဲမှ အလှလေး Mun Ka Young, Resident Playbook ထဲမှ
အွန်းဂျေးဖြစ်တဲ့ Kang You Seok, Reply 1988 ထဲမှ ဘိုရာဖြစ်တဲ့ Ryu Hye Young နဲ့
Newtopia ထဲမှ ရာအင်ဟိုဖြစ်တဲ့ Im Sung Jae စသဖြင့် Character ပိုင်နိုင်မှုနဲ့ပက်သက်ပြီး
ပြောစရာမလိုအောင် တော်လှတဲ့သူတွေအပြင် အခြားသော နာမည်ကြီးသရုပ်ဆောင်များကပါ
ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအညွှန်း
*************
An Ju Hyeong(Lee Jong Suk) ကတော့ ရှေ့နေ လုပ်သက် ၉ နှစ်ရှိပြီဖြစ်တဲ့ သွေးအေးအေး
စီနီယာရှေ့နေတစ်ယောက်ပါ။ တရားမျှတမှုတွေ အားနည်းသူကို ကာကွယ်ရမယ်ဆိုတာတွေထက်
ဆင်ခြင်တွေးခေါ်မှုနဲ့ အမှုကိစ္စတွေမှာပဲ စိတ်ဝင်စားမှုရှိတာကြောင့် ရှေ့နေနယ်ပယ်ထဲကို ခြေစုံပစ်
ဝင်လာခဲ့ပြီး လူတိုင်းကလည်း သူ့ရဲ့ထူးချွန်မှုကို သံသယမဝင်မိလောက်အောင်ထိ ထက်မြက်လှတဲ့ရှေ့နေပေါ့။
ရှေ့နေလောကထဲမှာ အမြင့်ဆုံးဝင်ငွေရရှိသူအဖြစ်ပါ မှတ်တမ်းဝင်ထားပေမဲ့လည်း ကိုယ်ပိုင်ရုံးခန်းဖွင့်ဖို့ကိုတော့
ရှုပ်ထွေးတယ်ဆိုကာ လခစားရှေ့နေအဖြစ်ပဲ စိတ်အေးလက်အေး နေနေသူလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ အမြဲတမ်း စိတ်ချလက်ချနဲ့ ငြိမ်းငြိမ်းချမ်းချမ်း တက်ရောက်ခဲ့တဲ့ သူ့ရဲ့အလုပ်ခွင်ဟာ
ဟန်ချက်ပျက်ပြီး အက်ကွဲကြောင်းတွေ ပေါ်လာပါတော့တယ်။
Kang Hui Ji(Mun Ka Young) ကတော့ သွက်လက်တက်ကြွပြီး ပေါင်းသင်းဆက်ဆံရေးကောင်းမွန်တဲ့
ဂျူနီယာရှေ့နေလေးပဲဖြစ်ပါတယ်။ “လူတစ်ယောက်ရဲ့ဘဝကိုပြောင်းလဲလိုက်ရင် အဲဒီလူရဲ့လောကကြီးကပါ
ပြောင်းလဲသွားမယ်”ဆိုတဲ့ ယုံကြည်ချက်ကို လက်ဆုပ်ကိုင်ထားတဲ့ သူမဟာ ပွင့်လင်းလင်းနဲ့ ယုံကြည်ချက်ရှိရှိ
ရှေ့ဆက်နေသူဖြစ်ပြီးတော့ အေးစက်လှတဲ့ ရှေ့နေနယ်ပယ်ကို သူမရဲ့နွေးထွေးမှု၊ကြင်နာမှုလေးတွေနဲ့
သေးငယ်တဲ့ ယိမ်းယိုင်မှုလေး ဖြစ်လာအောင် လုပ်နိုင်သူလေးဖြစ်ပါတယ်။
စရိုက်မတူတဲ့ သူတို့နှစ်ယောက်နဲ့ ကိုယ်ပိုင်ဟန်ကိုယ်စီရှိကြတဲ့ Bae Mun Jeong, Cho Chang Won, နဲ့
Ha Sang Gi တို့ ရှေ့နေငါးယောက်ဟာ ဥပဒေလောကမှာ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ကြပြီးတဲ့နောက်မှာ
အတူတူ ပေါ့ပေါ့ပါးပါး ညစာစားကြရင်း သံယောဇဉ်တွေ တွယ်ငြိလာကြပြီးတော့ တစ်ခါတလေ အနိုင်ရမှုထက်
ပိုပြီး အဖိုးတန်တဲ့အရာက “နားလည်မှု”ဆိုတဲ့အရာကို သဘောပေါက်သွားအောင် လုပ်ပေးနိုင်မဲ့
လုပ်ငန်းခွင်အကြောင်း၊ငယ်ရွယ်မှုတွေနဲ့ ဥပဒေအကြောင်းတွေကို ဒရာမာဆန်ဆန် ရိုက်ကူးတင်ဆက်ထားတဲ့
ကားကောင်းလေးဖြစ်တာကြောင့် ကြည့်ရှုကြည့်ကြပါဦးနော်။