-
Movie Name
-
Flavour It's Yours (ကိုယ့်အချစ်များအားလုံးမင်းအတွက်သာ )(2025)
-
Year
-
2025
-
Generes
-
Comedy, Romance
-
Code
-
SC0945
-
Type
-
Series
-
Size
-
8.39 GB
-
Country
-
China
-
Description
-
1-25 Complete
Lu Wei Xun ဆိုတဲ့ အေးစက်ပြီး တစ်သီးတစ်သန့်ဆန်တဲ့ ဝိုင်အရသာ မြည်းစမ်းတဲ့ ပါရမီရှင်တစ်ယောက်နဲ့ အရသာတွေအကြောင်း ဘာမှ မသိတဲ့ သာမန် ကောင်မလေး He Bu Zui တစ်ယောက်တို မတော်တဆ အနမ်းတစ်ခုကနေ စွမ်းအင်တွေချင်း ဖလှယ်သွားတဲ့ အခါမှာ ဘာတွေ ဆက်ဖြစ်ကြမလဲ…
Lu Wei Xun ဟာ သူ့ရဲ့ နယ်ပယ်ထဲမှာ အေးစက်ပြီး ကြောက်စရာကောင်းတယ်ဆိုပြီး နာမည်ကြီးတဲ့ ပညာရှင် တစ်ယောက်ပါ။
He Bu Zui ကတော့ ငယ်ငယ်လေးကတည်းက မတော်တဆမှု တစ်ခုကြောင့် အရသာခံနိုင်စွမ်းတွေ ပျောက်ဆုံးနေခဲ့တဲ့ ကောင်မလေး တစ်ယောက်ပေါ့။
တစ်နေ့မှာတော့ သူတိုနှစ်ယောက်ဟာ မတော်တဆ နမ်းမိပြီး ကိုယ်ပိုင်စွမ်းရည်တွေ လဲလှယ်သွားခဲ့ကြပါတော့တယ်။
သူတို နှစ်ယောက်ရဲ့ လဲလှယ်သွားတဲ့ စွမ်းရည်တွေကြောင့် နေ့စဥ်ဘဝမှာ
ဘယ်လို အလွဲလွဲ အချော်ချော်တွေ ဖြစ်ကုန်ကြမလဲ..
မှော်ဆန်ဆန် အလွဲလေးတွေကိုရော ဘယ်လိုဖြေရှင်းကြမလဲ ..
အေးစက်တဲ့ ရေခဲတုံးကိုကို Lu Wei Xun အနေနဲ့ကရော ပျော်ပျော်နေတတ်တဲ့ He Bu Zui တိုကြား ဘယ်လို နှစ်ပါးသွားကြမလဲ ..
သူတိုနှစ်ယောက်အနေနဲ့ကရော ဆုံးရှုးသွားကြတဲ့ အရာတွေကို ပြန်ရနိုင်ကြဦးမှာလား..
ပြန်ရကြဖို ဘယ်လိုတွေ ကြိုးစားကြမှာလဲ..
Lu Wei Xun အနေနဲ့ကရော သူ့ရဲ့ ထူးခြားလွန်းနဲ့ အရသာမြည်းနိုင်စွမ်းတွေကို ဝိုင်စမ်းသပ်တဲ့ နေရာမှာပဲ သုံးမလား
ဝိုင်ထက်ချိုလွန်းတဲ့ He Bu Zui ရဲ့ နှုတ်ခမ်းတွေပေါ်မှာပဲ သုံးမလားဆိုတာကို
ပြုံးပြုံးကြီးနဲ့ ရိုရိုချိုချို ကြည့်ကြရမဲ့
Romance Comedy အချစ်ဟာသ ကားလေးပဲ ဖြစ်ပါတယ်။
ဒီတော့ Big Bunny Gong Jun နဲ့ ပုပုသေးသေး ချစ်စရာ မင်းသမီးလေး Ireine Songတိုရဲ့ အဆွိတစ်လိုင်း ဇာတ်ကားလေးကို အဝကြည့်လိုရပါပြီနော်။