Movie Name
Friendly Rivalry (2025)
Year
2025
Generes
Drama, Thriller
Code
SKR1109
Type
Series
Size
3.31 GB
Country
Korea
Description
1-16 Complete အခုတစ်ခါ တင်ဆက်ပေးချင်တဲ့ ကားသစ်လေးကတော့ မပြခင်တည်းက TikTok တစ်ခွင်မှာ edit ပေါင်းများစွာဖြင့် လူအများ စောင့်မျှော်နေကြတဲ့ webtoon ကို LA အဖြစ် ပြန်လည် အသက်သွင်းထားပြီးတော့ ‌မင်းသမီးတွေကလည်း Reply 1988 ထဲမှာ ဒေါဆွန်းအဖြစ် သရုပ်ဆောင်ထားတဲ့ Lee Hye Ri နဲ့အတူ Got 7 အဖွဲဝင်ဖြစ်တဲ့ Cho Young Jae တို ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့ ဆူးလ်ဂီဆိုတဲ့ကောင်မလေးဟာ နယ်မြိုမှာရှိတဲ့ မိဘမဲ့ဂေယာလေးမှာ ကြီးပြင်းလာခဲ့ပြီးတော့ ဆိုးလ်မြိုရဲ့ ထိပ်တန်းကျောင်းတစ်ခုဖြစ်တဲ့ ချယ်ဟွာ မိန်းကလေးကျောင်းမှာ တက်ရောက်ဖို လုပ်ခဲ့ပါတော့တယ်။တခြားသူတွေနဲ့ အပေါင်းအသင်းမလုပ်ဘဲ နေတဲ့ဆူးလ်ဂီနားကို ဂျဲအီဆိုတဲ့ ကျောင်းသူလေးက ချဉ်ကပ်လာသောအခါ ... ဂျဲအီကတော့ ချယ်ဟွာ မိန်းကလေးကျောင်းမှာ အာဏာအရှိဆုံးနဲ့ IQ ဟာလည်း မြင့်မားသလို ချမ်းသာသော အသိုင်းအဝိုင်းမှ ဆင်းသက်လာပြီး လှပထက်မြတ်မှုတို ပြည့်စုံနေသော မိန်းကလေးတစ်ယောက်ပါ။မွေးဖွားလာစဉ်တည်းက သူများတွေရဲ့ မနာလိုမှုနဲ့ ကွဲပြားမှုတွေကို နားလည်ကာ လိမ္မာပါးနပ်စွာ အသုံးချတတ်တဲ့ သူတစ်ယောက်ဖြစ်နေပါသေးတယ်။ ဂျဲအီနဲ့ ဆူးလ်ဂီကြားမှ ဖြစ်ပွားလာမဲ့ ယှဉ်ပြိုင်မှုတွေနဲ့အတူ မထိတထိနဲ့ LGBTQ အားပေးထောက်ခံသူလေးတွေကို အသည်းယားဖွယ် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းအောင် ဆွဲခေါ်သွားမဲ့ ဇာတ်လမ်းလေးကို လက်မလွတ်တမ်း ကြည့်ရှူနိုင်ဖို Gold Channel မှ တင်ဆက်ပေးလိုက်ပါတယ်ရှင့်။