Movie Name
Saiyaara (2025)
Year
2025
Generes
Drama, Romance
Code
IND1731
Type
Movie
Size
1.29 GB
Country
Bollywood
Description
Aashiqui 2 (2013)လို စွဲထင်ကျန်စေခဲ့မဲ့ သီချင်းတွေရယ် ခမ်းနားတဲ့ စတိတ်တင်ဆက်မှုတွေရယ်ကို ဗားရှင်းထပ်မြှင့်ထားတဲ့ လွမ်းဆွတ်ကြည်နူးစရာ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ထပ်မံဖန်တီးပုံဖော်ပေးထားတဲ့ဒါရိုက်တာ မိုဟစ်ဆူရီရဲ့လက်ရာ။ အဓိကဇာတ်ဆောင်နေရာတွေကနေ ပွဲဦးထွက်ရုံတင်ကားအနေနဲ့ မင်းသမီး အန်နီးသ်ပက်ဒါ၊ မင်းသား အာဟန်းပန်ဒေးတို့ရဲ့ ခံစားသက်ဝင်ထားမှုကလည်း ပရိသတ်လက်ခံမှု ရာနှုန်းပြည့်ရရှိခဲ့တဲ့ရုပ်ရှင်။ "စိုင်ယာရာ"...။ ရွေ့လျားသွားလာနေတဲ့ ခရီးသွားကြယ်ကလေးတစ်ပွင့်ပေါ့။ ကြယ်ကလေးက အဝေးဆီ ထွက်သွားနေတာလား၊ အနားကိုပဲ ချဉ်းကပ်လာနေတာလား။ ပိုင်ဆိုင်ရပြီထင်ပြီး ထာ၀ရဆုပ်ကိုင်ထားလို့မရတာကလည်း အချစ်လို့ခေါ်ရမလားပဲ။ အယ်လ်ဇိုင်းမားရောဂါကြောင့် အတိတ်နဲ့ပစ္စုပ္ပန်ဖြစ်ရပ်တွေကြား ခွဲခြားနိုင်စွမ်းမရှိတော့သူ ကဗျာဆရာမလေး ဗာနီ။ ဗာနီ အလဲအလဲအပြိုပြိုဖြစ်နေချိန် အနားကိုရောက်လာခဲ့တာ အဆိုတော်ပေါက်စလေး ခရစ်ရှ်။ ဗာနီ့ဘ၀ထဲ ခရစ်ရှ်ရောက်လာပြီးနောက်ပိုင်း လောကကြီးက အရောင်အသွေးစုံလာခဲ့တာပေါ့။ ဒါပေမဲ့လည်း ဗာနီရဲ့ရောဂါပြင်းထန်လာတာကြောင့် ခရစ်ရှ်ရဲ့အောင်မြင်မှုလမ်းကြောင်းကို ထိခိုက်လာချိန်မှာတော့ "စိုင်ယာရာ"ဆိုတဲ့ သီချင်းတစ်ပုဒ်နဲ့ ခရစ်ရှ်ကိုချန်ထားခဲ့ချိန် အဲဒီသီချင်းနဲ့ပဲ ချစ်သူဗာနီကို လိုက်ရှာနေခဲ့တဲ့ ခရစ်ရှ်တို့ကြားမှာ ဘယ်သူက ခရီးသွားကြယ်ကလေးဖြစ်မလဲ၊ သူတို့တွေ ထာ၀ရဝေးကွာသွားကြမှာလား၊ ပျော်ရွှင်စွာပေါင်းဖက်နေထိုင်သွားကြလေမလားဆိုတာကို ခံစားကြည့်ရှုကြပါဦး။