-
Movie Name
-
Code 3 (2025)
-
Year
-
2025
-
Generes
-
Action, Comedy
-
Code
-
EN4607
-
Type
-
Movie
-
Size
-
849 MB
-
Country
-
Hollywood
-
Description
-
နှစ်တွေအကြာကြီး အရေးပေါ်ကားပေါ်မှာ အရေးပေါ်လူနာတွေကို ကယ်တင်ရင်း ပင်ပန်းနေတဲ့
ဝါရင့်ဆေးဘက်ဝန်ထမ်းတစ်ယောက်ရဲ့ ဘဝကို ပုံဖော်ထားတာပါ။
ဒီနေ့က သူ့ရဲ့ နောက်ဆုံးအလုပ်တာဝန်ပါပဲ။ မနက်ဖြန်ဆို သူက ရုံးခန်းထဲမှာ စာရင်းကိုင်ထိုင်လုပ်ရတော့မယ့်
ဘဝအသစ်ကို စတင်ရတော့မယ်။
ဒါပေမယ့် ဒီနောက်ဆုံးတစ်ရက်မှာ သူနဲ့အတူ ကားပေါ်မှာ ရှိနေတာက မိုက်—
ဘယ်အချိန်မဆို ဟာသပြောပြီး ရယ်စရာလုပ်တတ်တဲ့ သူ့ရဲ့လက်ထောက်နဲ့ ဂျက်ဆစ်ကာ—
ဒီအလုပ်ထဲ အသစ်စက်စက်ဝင်လာတဲ့၊ စိတ်လှုပ်ရှားနေတဲ့ လူသစ်လေးပေါ့
သူတို့သုံးယောက် ကားထဲမှာ နံနက် ၆ နာရီလောက်ကတည်းက စတင်ထွက်ခွာရင်း
အရေးပေါ်ခေါ်ဆိုမှုတွေကို တစ်ခုပြီးတစ်ခု သွားရတယ်။
တစ်ခါတလေ မိုက်က လူနာတင်ယာဉ်ထဲမှာ ပေါ့ပေါ့ပါးပါး ဟာသပြောလိုက်တော့ ရမ်ဒီတောင်
မျက်နှာတည်နဲ့ မနေနိုင်ဘူး။
ဂျက်ဆစ်ကာကတော့ ဒီအလုပ်ရဲ့ ဖိအားတွေ၊ လူနာတွေရဲ့ဘဝအခိုက်အတန့်တွေကို အံ့ဩနေရင်း
တစ်ဖက်မှာလည်း စာလေ့လာနေရတယ်။
တစ်ရက်လုံး သူတို့က ရယ်စရာတွေ၊ စိတ်မသက်မသာဖြစ်စရာ အခြေအနေတွေနဲ့ လူတစ်ယောက်ရဲ့
နှလုံးသားကိုခံစားရစေမယ့် အခိုက်အတန့်တွေကို ဖြတ်သန်းကြရတယ်။
ရမ်ဒီကတော့ ဒီအလုပ်က သူ့ကို ဘယ်လိုပုံဖော်ခဲ့လဲ...
ဘယ်လိုကြေကွဲစရာ အခိုက်အတန့်တွေနဲ့ အံ့သြစရာတွေကို ပေးခဲ့လဲဆိုတာကို ပြန်တွေးရင်း သူ့ဘဝရဲ့
အဆုံးသတ်တစ်ခုကို ရင်ဆိုင်နေရတယ်။
မိုက်ကတော့ သူ့ရဲ့ပေါ့ပါးတဲ့ စိတ်ဓာတ်နဲ့ အခြေအနေကို ပေါ့သွားအောင် ထိန်းထားပေးတယ်။
ဂျက်ဆစ်ကာကတော့ ဒီအလုပ်ရဲ့ တကယ့်အဓိပ္ပါယ်ကို တဖြည်းဖြည်း နားလည်လာတယ်။
ဒီဇာတ်လမ်းဟာ အရေးပေါ်ဆေးဘက်ဝန်ထမ်းတွေရဲ့ ဘဝထဲက ရယ်မောစရာ နာကျင်စရာ
အခိုက်အတန့်တွေကို ရိုးရိုးရှင်းရှင်းနဲ့ သဘာဝကျကျ ပုံဖော်ထားတယ်။
သူတို့ရဲ့ သူငယ်ချင်းဆန်တဲ့ ဆက်ဆံရေးက ဒီဖိအားများတဲ့ အလုပ်ထဲမှာ အချင်းချင်း အားပေးရင်း
ဘယ်လိုအဆုံးသတ်မလဲဆိုတာ ကြည့်ပေးပါဦး.....