Movie Name
American Woman (2025)
Year
2025
Generes
Thriller
Code
EN4608
Type
Movie
Size
813 MB
Country
Hollywood
Description
ဒေါက်တာ မော်လီရိ့စ်ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ ဆေးရုံတစ်ရုံမှာအထူးကုရောဂါဆရာဝန်တစ်ယောက်အနေနဲ့လုပ်ကိုင်နေတဲ့ သာမန်အမျိုးတစ်ယောက်ပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူဟာအကြမ်းဖက်မှုတစ်ခုကိုကြုံလိုက်ရပါတယ်။ ဖြစ်စဉ်က သူအလုပ်ပြီးလို့ အိမ်ကိုလမ်းလျှောက်ပြန်လာတဲ့အချိန်မှာ လူမိုက်ဂိုဏ်းတစ်သိုက်က သူ့ကို ပြိုင်ဘက်အဖွဲ့က လူကြမ်းအမျိုးသမီးတစ်ယောက်လို့အထင်လွဲပြီး လမ်းပေါ်မှာတင် အကြမ်းဖက်မှုများပြုလုပ်ခဲ့ပါတယ်။ ဒီလို အမျိုးသမီးတစ်ယောက်အွက် ခက်ထန်တဲ့အဖြစ်အပျက်မျိုးကို ဒေါက်တာမော်လီတစ်ယောက်ကြုံလိုက်ရပြီးနောက်ပိုင်းမှာ စိတ်ကစဉ့်ကလျားစဖြစ်လာပြီး လူနာတွေကိုပါ ရန်စပြုလာပါတယ်။ အလုပ်လုပ်လို့အဆင်မပြေဖြစ်လို့ အလုပ်နားလိုက်ရတဲ့အချိန်မှာ စိတ်သောကပိုရောက်သွားခဲ့ပြီး ဒေါက်တာမော်လီဟာ သူ့ကိုရန်ဘက်ပြုခဲ့တဲ့ လူမိုက်ဂိုဏ်းတစ်ခုလုံးကို ပြန်လက်စားချေဖို့ ကြိုးစားလာပါတော့တယ်။