Movie Name
Blue Devils (2025)
Year
2025
Generes
Action, Crime, Drama
Code
OT0236
Type
Movie
Size
762 MB
Country
Others
Description
ချစ်သူကောင်လေးထောင်ကျသွားတဲ့အချိန်မှာ သားဖြစ်သူရဲ့ ကျူပ်ရှင်ခ၊ ကျောင်းစရိတ်နဲ့ အိမ်မှုကိစ္စအားလုံးဟာ ဂျူလီရဲ့ခေါင်းပေါ်ကို ရောက်လာခဲ့ပါတယ်။ ညီမဖြစ်သူရှိပေမဲ့လည်း သားဖြစ်သူကို လာကြည့်ထားပေးရုံသာ တတ်နိုင်တာမို့ ဂျူလီတစ်ယောက် အလုပ်ဝင်လုပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ အလုပ်တစ်ခုရတောင့်ရခဲ ရခဲ့ပေမဲ့ အဖော်အချွတ်နဲ့ လိင်ပစ္စည်းဆိုင်ရာ ရောင်းတဲ့ဆိုင်မှာ အရောင်းဝန်ထမ်းအဖြစ် ဝင်လုပ်ရခဲ့ပါတယ်။ ထောင်ကျနေတဲ့ချစ်သူကို သွားတွေ့တဲ့အခါမှာ တရားသူကြီးက ငွေပေးမှ အာမခံနဲ့လွှတ်ပေးမယ့်အကြောင်းကို သိလိုက်ရပါတယ်။ လက်ရှိအလုပ်မှာ စားနိုင်သောက်နိုင်ရုံငွေရပေမဲ့ အာမခံကြေးပေးနိုင်ဖို့ ငွေအပိုစုနိုင်လောက်အောင် မများတာကြောင့်အခက်တွေ့သွားခဲ့ပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့ဆိုင်ကို အဖော်အချွတ်အကမယ် တစ်ဦးရောက်လာပြီး ဂျူလီရဲ့ ရုပ်ရည်လှပတာကြောင့် သူတို့ဆီမှာ လာလုပ်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ ပိုက်ဆံအများအပြားရမည့်အကြောင်း ပြောပေမဲ့လည်း ဂျူလီကတော့ မလိုအပ်ကြောင်းပြောကာငြင်းလိုက်ပါတယ်။ နောက်နေ့မှာတော့ ဂျူလီရဲ့ ဆိုင်ဟာရောင်းအားမကောင်းတာကြောင့် ပိတ်ဖို့ဖြစ်လာခဲ့ပြီး ဂျူလီလည်း အလုပ်လက်မဲ့ပြန်ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ အဖော်အချွတ်အကမယ်တို့နဲ့ တစ်ဖန်ပြန်ဆုံဖို့ဖြစ်လာခဲ့ပြီး အဖော်ချွတ်မယ် လုပ်ဖို့စတင်ဆွေးနွေးပါတော့တယ်။ အဖော်အချွတ်မယ်တို့ဟာ ညီအမလိုနေကြပြီး သွေးစည်းကာ ရဲရင့်ကြပါတယ်။ အဖွဲ့ထဲဝင်ရောက်လာမယ့် လူသစ်ဖြစ်သူ ဂျူလီ့ကိုလည်း သဘောကျကာ ခင်မင်ကြပါတယ်။ ဂျူလီကတော့ ဒီအလုပ်မလုပ်ဖူးတဲ့အတွက် အကမကတတ်ပါဘူး။ စိနီယာတစ်ဦးက ဂျူလီ့ကို အကသင်ပေးလိုက်ပါတယ်။ ဂျူလီကလပ်မှာ ဝင်ကရတဲ့အခါမှာတော့ အခြေအနေများဟာ ပြောင်းလဲလာခဲ့ပါတော့တယ်။