-
Movie Name
-
Mae Pla Boo Aka Golden Fish (ရွှေငါးချစ်သူ) (2025)
-
Year
-
2025
-
Generes
-
Drama, Family
-
Code
-
ST1075
-
Type
-
Series
-
Size
-
20.2 GB
-
Country
-
Thai
-
Description
-
1-50 Complete
ဟိုးရှေးတုန်းက ဗာရာဏသီပြည်မှာနေတဲ့ အဖိုးအိုမှာ ခနေထာ နဲ့ ခနေထီဆိုတဲ့ သမီးနှစ်ယောက်ထွန်းကားခဲ့တယ်.....အစ်မကြီး ခနေထာက ညီမငယ် ခနေထီ ထက် ရုပ်ရည်ပိုချောမောတဲ့အပြင် စိတ်ထားလည်း နူးညံ့တာမို့ လူတကာက အစ်မကြီးကို ညီမလေးထက်ပိုပြီးချစ်ခင်ကြတယ်......အဲဒီမှာ ဖရိကာဆိုတဲ့ သူဌေးကြီးကလည်း ခနေထာ့ကို ချစ်ခင်စုံမက်သွားခဲ့ပေမဲ့ ညီအစ်မနှစ်ယောက်လုံးကို အကြင်လင်မယားအဖြစ် ပေါင်းသင်းခဲ့တယ်......အစ်မကြီးရော ညီမငယ်ပါ ကိုယ်ဝန်အတူရှိခဲ့ကြပြီး အွန့် နဲ့ အိုက်ဆိုတဲ့ သမီးလေးနှစ်ယောက် တညတည်းမွေးဖွားခဲ့ကြတယ်
ညီအစ်မနှစ်ယောက်လုံးကို ပေါင်းသင်းပေမဲ့ သူဌေးကြီးက အစ်မကြီးကိုပိုပြီး အလေးပေးတာကြောင့် ညီမငယ်က မကျေနပ်ဘဲ ပယောဂဆရာနဲ့ပေါင်းပြီး သူဌေးကြီးကို ပြုစားလိုက်ပါတော့တယ်.....အဲဒီနောက်ပိုင်းမှာတော့ သူဌေးကြီးလည်း ပြုစားခံရပြီး အစ်မကြီးကို ဆူပူကြိမ်းမောင်ရိုက်နှက်ပါတော့တယ်.....အရင်ကတည်းက ကပ်စေးနဲတဲ့သူကြီးဆီမှာ ကြာလာတော့ အလုပ်သမားတွေလည်း သည်းမခံနိုင်တော့ဘဲ ထွက်ကုန်ကြတယ်......အဲဒါနဲ့ သူဌေးကြီးတို့က ခနေတာ နဲ့ သူ့သမီး အွန့်ကိုပဲ ခိုင်းစားခဲ့လိုက်ကြတော့တယ်......
တနေ့တော့ သူဌေးကြီးငါးသွားဖမ်းတာ ငါးတွေအများကြီးမမိဘဲ ရွှေငါးတစ်ကောင်တည်းကိုပဲ ခဏခဏမိနေတာနဲ့ အဲဒီရွှေငါးကိုပဲ အိမ်ပြန်ယူလာတော့ ခနေထာက လွှတ်ပေးလိုက်မိတယ်......အဲဒါကို ခနေထီတို့က လွှတ်ပေးရမလားဆို ရိုက်နှက်ရာကနေ ရေကန်ထဲ မတော်တဆပြုတ်ကျပြီး အသက်ဆုံးပါးသွားခဲ့တယ်......ဒါပေမဲ့ သူ့သမီးလေးကို စိတ်မချတာကြောင့်ပဲ ရေကန်ထဲမှာ ရွှေငါးလေးအဖြစ် ပြန်ဝင်စားခဲ့တာပေါ့.....ဒီလိုနဲ့ သမီးလေးလည်း အရွယ်တဖြည်းဖြည်းရောက်လာခဲ့တာပေါ့.....
အဲဒီအချိန် ဗာရာဏသီနန်းတော်ထဲက မင်းသားလေးလည်း နန်းတော်ထဲမှာ ပျင်းနေတော့ ရွာသားတစ်ယောက်လို ပုံဖျက်ပြီး နန်းတော်ထဲနေခိုးထွက်လာတာ အွန့်ကို တွေ့သွားပါလေရော......အဲဒီမှာပဲ အွန့်ရဲ့ အပြုံလှလှလေးတွေ စိတ်ထားဖြူစင်တာလေးတွေကို ချစ်ခင်စုံမက်သွားမိတော့တာပေါ့......အဲဒီနောက်ပိုင်း မင်းသားလေးနဲ့ အနှိမ်ခံမင်းသမီးလေး အွန့်တို့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာတော့ ကြည့်ရှုလိုက်ကြပါဦးနော်.......