Movie Name
Revenged Love (2025)
Year
2025
Generes
Action, Drama
Code
SC0948
Type
Series
Size
9.76 GB
Country
Thai
Description
1-24 Complete CM ပရိသတ်ကြီးကို ဒီတစ်ခါတော့ ထူးထူးခြားခြား Chinese BL Drama လေး တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဟိုးအရင်က Fujoshi မားမားကြီးတွေဆို ကြည်ဖူးလောက်ကြမယ်ထင်ပါတယ်။ Counterattack ဆိုတဲ့ series လေး ထွက်ရှိခဲ့ဖူးပါတယ်။ 2015မှာ ထွက်ခဲ့တဲ့ seriesလေးက ကြည့်လို့ကောင်းသလို အခုအချိန်မှာ ပြန်လည် remake လုပ်ပြီး ထွက်ရှိလာတဲ့ Revenged Loveဆိုတဲ့ seriesကတော့ မူရင်းစာရေးသူကိုယ်တိုင် ပြန်လည်ပြင်ဆင်ထားတာမို့ plot , twists တွေက သေသပ်လှပပြီး ကြည့်ရှုရ ထိုက်တန်လှပါတယ်။ ဇာတ်လမ်းလေးကတော့ ဝူချီချုံဆိုတဲ့ သနားစရာ ကောင်ငယ်လေးက ဝလည်းဝ ဆင်းလည်းဆင်းရဲတဲ့အတွက် ချစ်သူကောင်မလေးက ပစ်ခွာသွားခဲ့ပါတယ်။ သူက နေထိုင်မှုပုံစံကိုပြောင်းလဲပြီး ချစ်သူကောင်မလေးကို ပြန်ရဖို့ကြိုးစားတဲ့အခါ သူချစ်သူဖြစ်တဲ့ ယွဲ့ယွဲ့က ချီချန်းဆိုတဲ့ သူဌေးသားလေးနဲ့ ချစ်သူတွေဖြစ်နေမှန်းသိလိုက်ရပါတယ်။ အဲဒီအချိန်မှာ သူငယ်ချင်းဖြစ်သူ ရှောင်ရွှိုက်ရဲ့အကူအညီနဲ့အတူ ယွဲ့ယွဲ့ကို ပြန်ရဖို့အရေးနဲ့ ချီချန်းကို လက်စားချေနိုင်ဖို့အတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ် ချီချန်းကို မြှူစွယ်ဖို့ ကြိုးစားပါတော့တယ်။ တဖြည်းဖြည်း မီးစမွှေးသူက ကိုယ်တိုင်ပါ မီးစွဲလာခဲ့ပြီး ချီချန်းကို သဘောကျသွားပါတော့တယ်။ ဝူချီချုံကနေ ဝူစော်ဝေ့အဖြစ် နာမည်ပြောင်းလိုက်လိုက်သလို သူ့ဘဝလည်း ပြောင်းလဲသွားခဲ့ပါတယ်။ ဝူစော်ဝေ့တစ်ယောက် အချစ်နဲ့ လက်စားချေဖို့အရေး ဗျာများနေရပုံကို မြင်တွေ့ရမှာဖြစ်သလို second couple ဖြစ်တဲ့ ရှောင်ရွှိုက်နဲ့ ကောရှောက်သခင်လေးတို့ရဲ့ ချစ်စဖွယ် ထိထိမိမိ ကလိကလိ ဇာတ်လမ်းတွေကိုလည်း တွေ့မြင်ကြရမှာဖြစ်လို့ မပျက်မကွက် စောင့်ကြည့်ကြပါဦးနော်။