-
Movie Name
-
Shadow Love (မြတ်နိုးကြင်နာ ချစ်ရိပ်ဖြာ)(2025)
-
Year
-
2025
-
Generes
-
Romance, War
-
Code
-
SC0949
-
Type
-
Series
-
Size
-
13.4 GB
-
Country
-
China
-
Description
-
1-38 Complete
ဒီတစ်ခါ ပရိသတ်ကြီးကို စစ်သူကြီးရဲ့ နောက်ကားသစ်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်
ထိုက်ကျင့်ကမိန်းကလေးစစ်သူကြီးတစ်ယောက်ဖြစ်တဲ့ Li Shaung ဟာ ရဲရင့်ပြီးတော့
တိုက်ခိုက် ရေးမှာ တော်တဲ့အတွက် သူလျှိုလုပ်ဖို့စေခိုင်းခံခဲ့ရတယ်။ တစ်နေ့မှာ သူက
ဒဏ်ရာအပြင်းအထန်ရကာ သတိမေ့ပြီးတော့ အတိတ် မေ့နေတဲ့လူတစ် ယောက်ကို
သူ့ရဲ့စစ်စခန်းဆီ ပြန်ခေါ်လာခဲ့တယ်။ အဲဒီလူဟာ သူ့ကိုခေါ်သွားဖို့တောင်းဆိုပြီး လီရွှမ်းနဲ့အတူ
စစ်မြေပြင်ဆီ ခြေချခဲ့တယ်။ လီရွှမ်းက သူ့ကို ကျင့်မင်းဆက် ရေရှည်ခိုင်မာပြီးတာ့
တည်ငြိမ်စေမယ့် အဓိပ္ပာယ်နဲ့ ကျင့်အန်းလို့ နာမည်ပေးခဲ့တယ်။
နှစ်ယောက်က ဖုံးကွယ်ရင်း သူလျှိုလုပ်ကာ စုံစမ်းထုတ်ဖော်ခဲ့ကြတယ်။ စုံစမ်းရင်းနဲ့
ကြီးကြပ်ရေးမှူးတစ်ယောက်ရဲ့ တမင်သက်သက်လာဘ်စားမှုနဲ့ အိမ်နီးချင်းနိုင်ငံသာ့ယောင်က
ထပ်ခါတလဲလဲ ပြစ်မှုတွေကို သိရှိခဲ့ကြတယ်။ ကျင့်အန်းက သူ့ရဲ့ ထူးကဲများပြားတဲ့
အရင်းအမြစ်တွေကို အသုံးချကာ လီရွှမ်းကို အန္တရာယ်တွေကနေ
လွတ်မြောက်စေဖို့ ကူညီပေးရင်း တိတ်တဆိတ် ချစ်မိသွားခဲ့တယ်။
ကျင့်အန်းကလည်း တဖြည်းဖြည်းနဲ့ သူ့ရဲ့သရုပ်မှန်က သာ့ယောင်ပြည်ရဲ့
ကျန့်ရှီးဘုရင်ဖြစ်နေကြောင်းကို မှတ်မိလာတယ်။ ဒါပေမယ့် အဲဒီအချိန်မှာက စစ်ပွဲက
မဖြစ်မနေဖြစ်ရတော့မှာမို့ သူတို့နှစ်ယောက်ဟာလည်း အချင်းချင်းပြန်တိုက်ခဲ့ကြရတယ်။
စစ်ပွဲကို ပင်ပန်းစိတ်ကုန်လာတဲ့ သူတို့နှစ်ယောက်က သူတို့နိုင်ငံရဲ့ ပဋိပက္ခကို ဖြေရှင်းကာ
ပြည်သူတွေဘဝ တည်ငြိမ်စေဖို့အတွက် ပူးပေါင်းလက်တွဲခဲ့ကြတယ်။
ဒီဇာတ်ကားမှာတော့ လီရွှမ်းအဖြစ် မတွေ့ရတာကြာတဲ့ ကျဲကျဲစုန့်ယီကို ပြန်တွေ့ရမှာဖြစ်သလို
စစ်သူကြီးဖုန့်ယွင်ကိုလည်း အတိတ်မေ့လူငယ်လေးအဖြစ် ထပ်မံတွေ့ဆုံရမှာပါ။
မကြာသေးခင်က ပြီးသွားတဲ့ Deep Affection Eyes ထဲက မမရဲ့မောင်လေး
Bi Wen Jun ကလည်း supporting role အဖြစ်ပါဝင်တာမို့
လက်မလွှတ်တမ်း စောင့်မျှော်ကြည့်ရှုသင့်တဲ့ ကားလေးပါနော် ~