-
Movie Name
-
Utusan Iblis Dia Yang Berada Di Antara Kita (2025)
-
Year
-
2025
-
Generes
-
Horror, Thriller
-
Code
-
OT0237
-
Type
-
Movie
-
Size
-
457 MB
-
Country
-
Others
-
Description
-
အိုလီဗီယာက စိတ်ကျန်းမာရေးအထူးကုဆရာဝန်တစ်ယောက်ဖြစ်ပြီး တစ်နေ့မှာ ရဲအရာရှိရန်ဒီရဲ့အကူအညီတောင်းခံမှုကြောင့် လူသတ်မှုတစ်ခုရဲ့တရားခံကို စိတ်ပိုင်းဆိုင်ရာ အကဲဖြတ်ပေးဖို့ဖြစ်လာခဲ့ပါတယ်။
တရားခံအမျိုးသမီးရဲ့နာမည်က ချန်တီကာဖြစ်ပြီး သူဟာ ခင်ပွန်းဖြစ်သူနဲ့သမီးငယ်နှစ်ယောက်ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။
အမျိုးသမီးဟာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေသူလို့ ရဲဘက်ကရော ဆေးရုံဘက်ကပါယူဆထားခဲ့ကြပေမယ့် သူနဲ့အနီးကပ်ဆက်ဆံရတဲ့သူမှန်သမျှ အန္တရာယ်တစ်မျိုးပြီးတစ်မျိုးကြုံလာ ချောက်ခြားစရာတွေဖြစ်လာတဲ့အချိန်မှာတော့ အိုလီဗီယာတို့အနေနဲ့အမှုကို ဒီထက်ပိုပြီးထဲထဲဝင်ဝင် စုံစမ်းဖို့ဖြစ်လာပါတော့တယ်။
အဲ့ဒီမှာသိလာရတဲ့ အသေးစိတ်တွေအရတော့ ဒီလိုအမှုတွေဟာ လတ်တလောမှာ ခပ်စိတ်စိတ်ဖြစ်ပျက်ထားပြီး အဲ့ဒီအမှုတွေအားလုံးထဲမှာမှ ချန်တီကာဟာ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူပါပဲ။
ဒီဖြစ်စဉ်တွေရဲ့တရားခံအမှန်က ဘယ်သူလဲ?
ရဲအရာရှိနဲ့အိုလီဗီယာကိုယ်တိုင်ရော စက်ကွင်းလွတ်နိုင်ပါ့မလား? ဆက်လက်ရှုစားကြပါ။