Movie Name
Elang (2025)
Year
2025
Generes
Action, Drama
Code
OT0239
Type
Movie
Size
775 MB
Country
Others
Description
အီလန်းဆိုတဲ့ အသက် ၂၀ ကျော် အမျိုးသားတစ်ယောက်ဟာ ကောလိပ်ကျောင်းသူအရွယ် ညီမဖြစ်သူနဲ့ အယ်လ်ဇိုင်းမားရောဂါစဖြစ်နေတဲ့ မိခင်အတွက် မိသားစုမဏ္ဍိုင်အဖြစ်ရပ်တည်ပေးနေရတဲ့ အင်ဒိုနီးရှားနိုင်ငံ ဂါရူဒါကလပ်၊ နိုင်ငံအသင်းလက်ရွေးစင်အသင်းမှာ တိုက်စစ်မှူးအနေနဲ့ ဝင်ရောက်ကစားနေတဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ယောက်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ည သူ့အောင်ပွဲတစ်ခုကနေပြန်လာတဲ့အချိန်မှာ သူ့အမေရဲ့ သတိမေ့ရောဂါဟာ ပိုပိုဆိုးလာခဲ့ပြီး မကြာခင်ခွဲစိတ်ကုသရနိုင်ချေရှိတဲ့အဆင့်အထိဖြစ်လာပါတယ်။ နိုင်ငံရဲ့ ထိပ်တန်းကလပ်မှာဆော့ကစားနေတဲ့ နိုင်ငံလက်ရွေးစင်ကစားသမားတစ်ယောက်ဖြစ်ပေမယ့်လည်း သူရသမျှလစာတွေအကုန်လုံးက ကိုယ်တိုင်စားဖို့သောက်ဖို့ကနေ အပိုတစ်ပြားမှမကျန်တော့တဲ့အထိကို သူ့အမေဆေးစရိတ်အတွက် ကြိုစုဖို့ဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ တစ်ညမှာ တစ်ချိန်က သူ့အမေ ငယ်စဉ်ကတည်းက တိုက်တွန်းခဲ့ပေမယ့် ဆုံးပါးသွားတဲ့ သူ့အဖေရဲ့ကျွမ်းကျင်ပညာဖြစ်တဲ့ ကိုယ်ခံပညာရပ်က အခံပညာကိုပါအသုံးချပြီး မြေအောက်ကြိုးဝိုင်းတွေမှာ အပိုဝင်ငွေရှာဖို့ပါကြိုးစားခဲ့ပါသေးတယ်။ အသက်အန္တရာယ်များလွန်းတာကြောင့် သူ့ရဲ့ကောင်မလေးဖြစ်သူက ဝင်တားနဲ့အချိန်မှာ အီလန်းဟာ ရှေ့လျှောက်ဘာလုပ်ရမလဲဆိုတာကို ဝေခွဲမရဖြစ်နေခဲ့ပါတယ်။ တိုက်ဆိုင်စွာနဲ့ဘဲ နောက်နေ့မနက်မှာ ဩစတြေးလျထိပ်တန်းကလပ်ကနေ သူ့ရဲ့ခြေစွမ်းကိုသဘောကျလို့ဆိုပြီး အစမ်းခန့်သုံးလနဲ့ မိသားစုတစ်စုလုံး ဆေးစရိတ်အငြိမ်းပါတဲ့ စာချုပ်နဲ့ကမ်းလှမ်းလာခဲ့ပါတယ်။ ဖြစ်ချင်တော့ စာချုပ်ချုပ်ပြီးမကြာခင် ရက်ပိုင်းအလိုမှာပဲ အာရှဖလားကစတော့မှာဖြစ်ပြီး နိုင်ငံအသင်းအတွက်ဝင်ကန်ဖို့ အီလန်းကတာဝန်ရှိနေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လိုမှမတတ်နိုင်တဲ့တဆုံး အီလန်းဟာ မိသားစုအရေးကိုဦးစားပေးဖို့အတွက် ဩစတြေးလျကို ခြေဆန့်ဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ အီလန်းရဲ့ ရှေ့လျှောက်ကစားသမားဘဝက ဘယ်လိုဖြစ်သွားမလဲ။ သူ့အမေရဲ့ကျန်းမာရေးအခြေအနေနဲ့ အာရှဖလားမှာ သူ့ရဲ့အင်ဒိုနီးရှားနိုင်ငံလက်ရွေးစင်အသင်းရဲ့ခြေစွမ်းက ဘယ်လိုဖြစ်သွားမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ရသအပြည့်နဲ့ ဆက်လက်ပြီးရှုမြင်ခံစားရမှာပဲဖြစ်ပါတယ်။