-
Movie Name
-
Triple 9 (2016)
-
Year
-
2016
-
Generes
-
Action, Crime, Thriller
-
Code
-
00948
-
Type
-
Movie
-
Size
-
1 GB
-
Country
-
Hollywood
-
Description
-
triple9triple_9_2016-wideအမေရိကန် Crime Thriller Darama ဇာတ်ကားကောင်း တစ်ကားဖြစ်သည့် Tripple 9 ကို ယခုအပတ်မှာမိတ်ဆက် ညွှန်းဆိုပေးလိုက်ပါတယ်။Tripple 9 ကိုရိုက်သည့် ဒါရိုက်တာကတော့ John Hillcoat ဖြစ်ကာ သရုပ်ဆောင်တွေကလည်း ပရိသတ်ကြီးနှင့်ရင်းနှီးပြီးသားဖြစ်သည့် Casey Affleck, Chiwetel Ejiofor, Anthony Mackie Aaron Paul, Norman Reedus, Woody Harrelson ESith Kate Winslet တို့က အဓိကပါဝင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဒီဇာတ်ကားကို ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့ကစပြီး နိုင်ငံတစ်ကာမှာရုံတင်ပြသခဲ့တာပါ။ ဇာတ်လမ်း အကျဉ်းကတော့ . . . Georgia ပြည်နယ် Atlanata မြို့မှာ ဒုစရိုက်သမားတွေဖြစ်သည့် Micheal Atwood, Russel Welch နှင့် သူ့ရဲ့ ညီဖြစ်သူ Gabe တို့ဟာ အကျင့်ပျက်ရဲဝန်ထမ်းတွေဖြစ်သည့် Marcus Belmont, Franco Rodriguez တို့နှင့်အတူ ဘဏ်တစ်ခုကိုဓါးပြတိုက်ကာ အာမခံသေတ္တာတစ်ခုကိုယူလာခဲ့ကြပါတယ်။အဲဒီ သေတ္တာထဲမှာကရုရှားမာဖီးယားဂိုဏ်း ခေါင်းဆောင်ရဲ့အကြောင်းတွေကို ဖော်ထုတ်နိုင်တဲ့အချက်အလက်တွေသိမ်းထားတာပဲဖြစ်ပါတယ်။Micheal ကသေတ္တာကို မာဖီးယားခေါင်းဆောင်ရဲ့ ဇနီးဖြစ်သူ Irina ထံကိုပေးလိုက်ပေမယ့် သူမက Micheal တို့ကို ဆုကြေး ပိုက်ဆံမပေးသေးပဲ နောက်ထပ်အလုပ်တစ်ခုထပ်ခိုင်းပါတယ်။အဲဒီအလုပ်ကလည်း အစိုးရရုံးခန်းတစ်ခုကို ဖောက် ထွင်းကာ သူမယောကျ်ားရဲ့နောက်ထပ် အချက်အလက်တွေကို ခိုးယူခိုင်းတာဖြစ်ပါတယ်။ သူတို့အုပ်စု ဒီအလုပ်ကို လုပ်အောင်လည်း သူမကခြိမ်းခြောက်ထားတာဖြစ်ပါတယ်။ Irina ရဲ့ညီမဖြစ်သူထံမှာ Micheal ရဲ့သားကရှိနေတာ ဖြစ်ပြီး အလုပ်ကိုလက်မခံပါက သူ့သားနှင့်လည်း နောက်ထပ်မတွေ့မှာစိုးရိမ်နေရတာပါ။ ဒါနှင့်ပဲသူတို့ တွေဆက်လုပ် ကြဖို့ ဆုံးဖြတ်လိုက်ပြီး Marcus ရဲ့တွဲဖက်အသစ် ဖြစ်သည့် Chris ကိုအသုံးချကာ သူတို့ရဲ့အစီအစဉ်ကိုအကောင် အထည်ဖော်ရန် ကြံစည်ကြပါတော့တယ်။ Chris ကလည်း မာဖီးယားဂိုဏ်းကိုလိုက်နေသူတစ်ဦးဖြစ်ပါတယ်။ Chris ရဲ့ ဦးလေး ဖြစ်သူ Jeffrey Allen ကတော့ ရဲစုံထောက် တပ်ကြပ်ကြီးတစ်ဦးဖြစ်ကာ ဘဏ်ဓါးပြမှု ကိုလိုက်နေသည့် သူ ဖြစ်ပါတယ်။သူကဓါးပြတွေကို ခြေရာလိုက်ခံနေရင်း Gabe ကဒီဓါး ပြမှုမှာပါဝင်သည့် သူတစ်ဦးဆိုတာလည်းတွေ့သွားခဲ့ ကာ . . .။