Movie Name
Dongji Rescue (2025)
Year
2025
Generes
Crime, Thriller
Code
CN1081
Type
Movie
Size
1.91 GB
Country
China
Description
The Long Ballad, Love like the Galaxy စတဲ့ဇာတ်လမ်းတွဲတွေနဲ့ ပျိုမေလေးတွေရဲ့အချစ်တွေကိုသိမ်းပိုက်ထားတဲ့ မင်းသားချောWu Leiနဲ့ Zhu Yi Long မမNi Ni တို့ရဲ့ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Dong Ji Rescue ကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ အပြင်လက်တွေ့ဘဝမှာလဲစွန့်စားရတာကြိုက်တဲ့Wu Lei ဟာ ဒီဇာတ်ကားမှာလဲ တံငါရွာလေးက ပင်လယ်ရေမှာ ကျွမ်းကျင်တဲ့ကျွန်းသားလေးအဖြစ် ပီပီပြင်ပြင်သရုပ်ဆောင်ထားပြီးတော့ Zhu Yi Longနဲ့ Ni Niတို့ရဲ့ သဘာဝကျတဲ့သရုပ်ဆောင်ချက်တွေနဲ့ ပုံဖော်ထားတဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒုတိယကမ္ဘာစစ်အတွင်းကာလမှာ အင်္ဂလိပ်စစ်သုံ့ပန်းအပြည့်တင်လာတဲ့ ဂျပန်ကုန်တင်သင်္ဘောတစ်စီးဟာ တရုတ်နိုင်ငံကျိုးရှန်းကျွန်းစုအနီးမှာ ထိခိုက်သွားပြီး နစ်မြှုပ်နေပါတယ်။ အဲဒီသင်္ဘောပေါ်မှာ တစ်ထောင်ကျော်တဲ့အင်္ဂလိပ်စစ်သုံ့ပန်းတွေကို ဂျပန်တွေကပိတ်လှောင်ထားပါတယ်။ မျှော်လင့်ချက်မဲ့နေတဲ့အချိန်မှာ တုံးကျိကျွန်းလေးပေါ်က တံငါသည်တစ်စုက ဂျပန်တွေနဲ့ ခြိမ်းခြောက်မှုကိုဂရုမစိုက်ပဲ သတ္တိရှိရှိနဲ့အရှေ့ကိုထွက်လာခဲ့ပါတယ်။ သူတို့အရိုးထဲမှာစွဲနေတဲ့ ကြင်နာမှု၊ရိုင်းစိုင်းမှုနဲ့ သွေးဆာမှုတွေနဲ့ လှိုင်းလုံးတွေကြားမှာ ဒုက္ခရောက်နေတဲ့ စစ်သုံ့ပန်းတွေအတွက် အသက်ရှင်ဖို့လမ်းကြောင်းတစ်ခုကိုဖွင့်ပေးခဲ့တဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းက တံငါသည်တွေ ဗြိတိသျှစစ်သုံ့ပန်းတွေကို ကယ်တင်ခဲ့တဲ့ဖြစ်ရပ်မှန်တစ်ခုကို အခြေခံပြီးရိုက်ထားတာဖြစ်ပါတယ်။