-
Movie Name
-
My (I’m) Perfect Family (ရွှေဘုံစံမိသားစု) (2025)
-
Year
-
2025
-
Generes
-
Drama
-
Code
-
ST1082
-
Type
-
Series
-
Size
-
10.1 GB
-
Country
-
Thai
-
Description
-
1-22 Complete
နာမည်ကြီး တွန်းဖာနစ်မျိုးရိုးမှ သူဌေးကြီးကျယူနဲ့ သူဌေးကတော်မွေတို့မှာ အကျင့်စရိုက်လုံးဝမတူကြတဲ့ သားသုံးယောက် ရှိပါတယ်။
သားဦးမို့ အမေက အရမ်းချစ်ပြီးအရမ်းမျှော်လင့်ထားတဲ့ လူပွေလူရှုပ် ရတ်.....
စာအရမ်းတော်ပြီး ထက်မြက်တဲ့အပြင် ရိုမန့်တစ်ဆန်ပြီး တစ်ယောက်ဆိုတစ်ယောက် အချစ်စစ်နဲ့ချစ်တတ်တဲ့ ရာဝီ.....
အငယ်ဆုံးထုံးစံအတိုင်း လိုချင်တာမှန်သမျှ အကုန်ရရမယ်ဆိုတဲ့ ကလေးဆိုးလေး ရွန်နကွန် ...
သား၃ယောက်အနက် အမေဖြစ်သူ သခင်မမွေဟာ သားအလတ်ကို တော်တော်လေး အားမလိုအားမရဖြစ်တဲ့အပြင် ညီအစ်ကိုတွေကြားမှာလည်း ရာဝီဟာတော်တော်လေး အနစ်နာခံရသူဖြစ်ပါတယ်။
တနေ့မှာတော့ စံအိမ်ကြီးရဲ့စီးပွားရေးတစ်ခုဖြစ်တဲ့ ဟိုတယ်အသစ်ဖွင့်ပွဲနေ့မှာ လူတွေရှုပ်လွန်းလို ညီအစ်ကို သုံးယောက် အပျင်းပြေ ကားမောင်းထွက်ကြရင်း စက်ဘီးစီးလာတဲ့ "ရာနီ"ဆိုတဲ့ မိန်းကလေးကို တိုက်မိခဲ့ပြီး "ရာဝီ" ဟာ "ရာနီ"ကို မြင်မြင်ချင်းသဘောကျသွားခဲ့ပါတယ်။ တစ်ဖက်မှာလည်း မင်းသမီးရဲ့အဒေါ်ဖြစ်သူနဲ့မင်းသားတိုရဲ့ နှစ်အိမ်တွင်းရေးတွေဟာသင့်မြတ်မှုရှိမနေပါဘူး။
ဟိုတယ်ဖွင့်ပွဲနေ့မှာပဲ သခင်မမွေဟာ သားတွေရဲ့ ပြဿနာကို ဖြေရှင်းရရုံတင်မကဘဲယောကျာ်းဖြစ်သူမှာ နောက်ထပ် မယားငယ်နဲ့ရထားတဲ့ သားဖြစ်သူ "ချိန်တ်"ဆိုတဲ့တစ်ယောက် ရှိနေတာကို သိလိုက်ရပါတယ်။
ဒီတော့ စံအိမ် ၂ခုရဲ့အရှုပ်တော်ပုံတွေကြားမှာ ပေါက်ဖွားလာတဲ့ချစ်ခြင်းမေတ္တာတွေ....
တွန်းဖာနစ်မျိုးရိုးရဲ့အိမ်တွင်းရေးအရှုပ်တော်ပုံတွေအပြင်၊ မိခင်ဖြစ်သူရဲ့စည်းကမ်းတင်းကြပ်မှုတွေသာမက လူ့ဂုဏ်အသိုင်းအဝိုင်းအဆင့်အတန်းခွဲခြားမှုတွေကိုတွေ့ရမယ့် အလန်းစားအချစ်ဒရာမာလေးဖြစ်လို့ လက်မလွှတ်တမ်းစောင့်ကြည့်ပေးကြပါဦးနော်........