Movie Name
The Next Prince (2025)
Year
2025
Generes
Action, Drama
Code
ST1084
Type
Series
Size
4.64 GB
Country
Thai
Description
1-14 Complete Cutie Pie ထဲက Zee-NuNew အတွဲလေးရဲ့ နှစ်နှစ်မှာ အကြာ comeback ဇာတ်လမ်းတွဲလေး ဖြစ်တဲ့ The Next Prince လေး လာပါပြီ .. ဒီတစ်ခါမှာတော့ တော်ဝင် အိမ်ရှေ့စံမင်းသားလေးနဲ့ သူ့ရဲ့ကိုယ်ရံတော်တပ်မှူးလေးကြားက ထူးခြားတဲ့ဆက်တင်နဲ့ ခမ်းနားတဲ့ BLဇာတ်ကားတစ်ကားကို ရှုစားရ‌မှာပါ။ အဘက်ဘက်ကနေ သယံဇာတပေါကြွယ်ဝတဲ့ အမ်မာလီတိုင်းပြည်က ဘုရင်စနစ်နဲ့အုပ်ချုပ်တဲ့ တိုင်းနိုင်ငံ ဖြစ်ပြီးတော့ နယ်မြေ ၅ ခုခွဲလို့ အုပ်ချုပ်ပါတယ်။ နယ်‌မြေ ၅ ခုမှာ အုပ်ချုပ်သူနယ်စားကိုယ်စီရှိကြပြီးတော့ တော်ဝင်ဥပဒေအရ အရိုက်အရာဆက်ခံဖို့အတွက် နယ်စားတိုင်းက သူတို့ရဲ့ဆက်ခံသူကို တော်ဝင်အရိုက်အရာဆက်ခံပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်စေပြီး အနိုင်ရတဲ့ မင်းသားရဲ့ခမည်းတော်ကိုတော့ မင်း‌မြှောက်တဲ့အစဉ်အလာတစ်ခုလည်း ရှိပါတယ်။ ဒါပေမဲ့ အက်စဝါထေဝါထင်တော်ဝင်မိသားစုရဲ့ ဆက်ခံသူမင်းသားလည်းဖြစ် လက်ရှိအိမ်ရှေ့စံမင်းသားလည်း ဖြစ်တဲ့ ခနင်ကတော့ အရိုက်အရာကိုစိတ်မဝင်စားဘဲ မင်းနေပြည်တော်ရဲ့အဝေးမှာ လွတ်လပ်တဲ့ဘဝကို နေထိုင်‌လိုတဲ့သူတစ်ယောက်ပါ။ သူ့ရဲ့အပါးတော်မြဲဖြစ်တဲ့ ကိုယ်ရံတော်တပ်မှူးလေး ချာလန်ကလည်း မျိုးရိုးစဉ်ဆက် မင်းသားလေးခနင်တို့ မိသားစုကို စောင့်ရှောက်လာခဲ့တဲ့ သစ္စာရှိလူယုံတော်ဖြစ်ပြီး အမြဲတမ်း မင်းသားလေးအနားမှာ အရိပ်တစ်ခုလို လိုက်ပါနေတတ်တဲ့သူပေါ့။ ဒါပေမဲ့ တစ်ဖက်က တာဝန်ဆိုတာ ရှောင်လွှဲမရတဲ့အတွက် အိမ်ရှေ့စံမင်းသားလေးကို မင်းနေပြည်တော်ကို အရောက်ပို့ရမယ့်တာဝန်ကြီး ချာလန်ရဲ့ပခုံးပေါ် ရောက်လာချိန်မှာတော့.... မင်းသားလေးနဲ့ ကိုယ်ရံတော်လေးရဲ့ တာဝန်တွေကြားက အချစ်ဇာတ်လမ်းကို ဘယ်လိုပုံဖော်ထားမလဲဆိုတာကို အပတ်စဉ်စနေနေ့တိုင်း တင်ဆက်ပေးမှာဖြစ်လို့ အခုပဲ ရှုစားလိုက်ရအောင်ပါ။