Movie Name
I'm The Most Beautiful Count (2025)
Year
2025
Generes
Drama
Code
ST10867
Type
Series
Size
4.77 GB
Country
Thai
Description
1-13 Complete "လူတိုင်းမှာ ကိုယ့်ဖြစ်တည်မှုနဲ့ကိုယ်ရှိသလို လူတိုင်းမှာ အောင်မြင်ကျော်ကြားပိုင်ခွင့်လည်းရှိတယ်" ၂၁ရာစုထိုင်းနိုင်ငံရဲ့ဖျော်ဖြေရေးလောကမှာ အင်မတန်မှကိုနာမည်ကြီးသလို အနုပညာလောကရဲ့ အောင်မြင်ကျော်ကြားတဲ့ ပန်းလေးတစ်ပွင့်အနေနဲ့လည်း ရပ်တည်နေပေမဲ့ လိင်တူချစ်ကြိုက်သူတစ်ယောက်အဖြစ် ဝန်ခံထားတာကြောင့် anti fanလည်းပေါရှာတဲ့ Princeတစ်ယောက် မတော်တဆမှုတစ်ခုကြောင့် မတူညီတဲ့လောကတစ်ခုကို မထင်မှတ်ဘဲရောက်ရှိသွားတဲ့အခါ.....။ ရုတ်တရက်သတိပြန်ရလာတဲ့အခါ Princeတစ်ယောက် တစ်ခေတ်တစ်ခါက ဂုဏ်အသရေထွန်းပြောင်ခဲ့တဲ့ သမိုင်းကာလတွေဆီက ထုံဘူရီတိုင်းပြည်ကို အချိန်ခရီးသွားရောက်ရှိနေပြီး သူဟာ Woradetလိုခေါ်တဲ့ အလှထိပ်ခေါင်တင်မျိုးရိုးမြင့်တစ်ယောက်ဖြစ်နေမှန်း သိသွားတဲ့အခါ.....။ Princeတစ်ယောက် ဘာကြောင့်များ ထုံဘူရီတိုင်းပြည်ကိုရောက်လာခဲ့ရတာလဲ။ သမိုင်းထဲကိုပြန်ရောက်သွားရတဲ့Princeရဲ့တာဝန်က ဘာများဖြစ်နေမလဲ။ ၂၁ရာစုမှာ ဂေးအဖြစ်ဝန်ခံထားတဲ့Princeက ထုံဘူရီတိုင်းပြည်ရဲ့အလှလေးWoradetဘဝမှာရော ဘယ်လိုတွေတောင် ဘဲကြည်နေဦးမလဲဆိုတာတွေကို အခွီတစ်သိန်းနဲ့ကြည့်ရမဲ့ဒီဇာတ်ကားလေးကို အခုပဲ BL By Soulမှာ ကြည့်လိုက်ကြရအောင်လားနော်။