Movie Name
Legend Of The Female General (2025)
Year
2025
Generes
Drama, Historical, War
Code
SC0956
Type
Series
Size
11.5 GB
Country
China
Description
အားလုံးအချိန်အကြာကြီးစောင့်မျှော်နေကြရတဲ့ စစ်သူကြီးမမ Zhou Ye ကားလေးထွက်ရှိလာပါပြီ။ မျိုးရိုးမြင့်မိသားစုရဲ့ဂုဏ်သိက္ခာကိုကာကွယ်ဖို့အတွက် မိန်း‌ကလေးသရုပ်မှန်ကိုဖုံးကွယ် မျက်နှာဖုံးစွပ်ကာ ဟယ်ရူဖေးအဖြစ် ဟန်ဆောင်ရင်းတိုက်ပွဲဝင်ခဲ့ရတဲ့ ဟယ်ယန် တိုက်ပွဲကနေ အောင်မြင်မှုတွေနဲ့အတူပြန်ရောက်လာတဲ့ ဟယ်ယန်ကို ပြန်ပေါ်လာတဲ့မောင်ဖြစ်သူကလည်း သူမရဲ့အောင်မြင်မှုအကုန်ယူသွားသလို 1-36 Complete မိသားစုကလည်း သစ္စာဖောက်ခြင်းကိုခံလိုက်ရပါတော့တယ်။ သေမင်းတံခါးဝကနေပြန်အသက်ရှင်လာတဲ့ ဟယ်ယန်တစ်ယောက် မြို့စောင့်ဂိတ်အရာရှိသမီးသရုပ်မှန်အသစ်နဲ့ပြန်ပေါ်လာပြီး ယောက်ျားအဖြစ်ဟန်ဆောင်ကာ စစ်တပ်ထဲဝင်ဖို့ကြိုးစားချိန်မှာပဲ ငယ်စဉ်က မိန်းကလေးအဖြစ်ရှင်းချန်ကျောင်းမှာတွေ့ခဲ့တဲ့ ရှောင်ကျွယ်နဲ့ ပြန်တွေ့ရတဲ့အခါ...... ရှောင်ကျွယ်တစ်ယောက် အသစ်ဝင်လာတဲ့ ဟယ်ယန်အပေါ်သံသယပေါင်းစုံဝင်ခဲ့ပေမဲ့ ဟယ်ယန်ကတော့ ရှောင်ကျွယ်အနားမှာပဲနေပြီး သူ့အရည်အချင်းတွေကို သက်သေပြရင်းထိပ်တန်းစစ်သည်တစ်ယောက်ဖြစ်လာဖို့ ကြိုးစားနေခဲ့ပါတယ်။ နှစ်ယောက်အတူ ပြဿနာမျိုးစုံကိုအတူတူဖြေရှင်းလုပ်ကိုင် သေတူရှင်အတူ တိုက်ပွဲဝင်ရင်းကနေ ဟယ်ယန်နဲ့ ရှောင်ကျွယ်ကြား ရင်းနှီးယုံကြည်မှုကိုဘယ်လိုတည်ဆောက်ကြမလဲ။ ရှောင်ကျွယ်ကရော ဟယ်ယန်ကိုမှတ်မိသွားမှာလား။ ကိုယ့်ကို နောက်ကျောဓားနဲ့ ထိုးသွားတဲ့မိသားစုကို ဟယ်ယန်တစ်ယောက်ဘယ်လို လက်စားချေမလဲဆိုတာ ရသစုံခံစားရမယ့်ဇာတ်လမ်းတွဲလေးကို ဆက်လက်ကြည့်ရှုပေးကြပါဦးရှင့်