Movie Name
Love In The Clouds (2025)
Year
2025
Generes
Drama, Romance
Code
SC0957
Type
Series
Size
9.96 GB
Country
China
Description
1-27 Complete "Fangs of Fortune" နဲ့ "I am nobody"တို့မှာ ပရိသတ်အသည်းစွဲဖြစ်ခဲ့တဲ့ Hou Ming Hao (ရှောင်ဟို)ရဲ့ရှန်းရှရိုမန့်စ်ဒရာမာအသစ်စက်စက်လေးကိုညွှန်းပေးပါရစေ။ ဇာတ်လမ်းအကျဉ်း>>> ဟယ်ရွှီခြောက်လောကရဲ့ချင်းယွင်ညီလာခံမှာ လုံးဝထင်မထားတာတွေဖြစ်လာပါတယ်။ ကျီရှင်းအသူရာချောက်နက်က အကျဉ်းသားဟောင်းကျီပေါကျိုက်ဟာ ခုနစ်နှစ်ဆက်တိုက် ဗိုလ်စွဲထားတဲ့စစ်နတ်ဘုရားမ မင်ယိကို အနိုင်ယူနိုင်ခဲ့လို့ တစ်ညတာအတွင်း နာမည်အကြီးဆုံး သူရဲကောင်းဖြစ်သွားပါတော့တယ်။ အရှုံးသမားမင်ယိကလည်း မူရင်းပုံစံကိုဖုံးကွယ်ပြီး ကချေသည်အသွင်ယူကာ ကျီပေါကျိုက်အနားချဉ်းကပ်ဖို့ ကြိုးစားပါတော့တယ်။ နှစ်ဦးလုံးဟာ ကိုယ်ပိုင်ရည်ရွယ်ချက်တွေနဲ့ဟန်ဆောင်ထားကြသူတွေမို့ သူတို့ကြားက ဆက်ဆံရေးဟာရိုးရှင်းတဲ့ အချစ်ဇာတ်လမ်း မဟုတ်ဘဲ...လှည့်စားမှု၊ ရင်ခုန်စရာဆွဲဆောင်မှုတို့နဲ့ပြည့်နှက်နေတဲ့ ကံကြမ္မာရဲ့လျှို့ဝှက်ကကွက်တစ်ခု ဖြစ်လာပါတော့တယ်။ ဒီစီးရီးမှာ ရှောင်ဟိုရဲ့ချောမောမှုနဲ့ ဆွဲဆောင်မှုရှိတဲ့သရုပ်ဆောင်ချက်တွေကို တစ်ဝကြီးငမ်းရင်း ဇာတ်လမ်းရဲ့လျှို့ဝှက်ချက်တွေကို အတူတူလိုက်ဖော်ထုတ်ရမှာမို့ လုံးဝလက်မလွှတ်ဘဲအား ပေးကြဖို့ ညွှန်းလိုက်ပါတယ်နော်။