-
Movie Name
-
My Sassy Wedding (အယောင်ဆောင်ဖူးစာ)(2025)
-
Year
-
2025
-
Generes
-
Drama
-
Code
-
ST1089
-
Type
-
Series
-
Size
-
9.65 GB
-
Country
-
Thai
-
Description
-
1-20 Complete
James Jirayu နဲ့ Bella Ranee Campen တို့ရဲ့ တစ်ကျော့ပြန် ပြန်လည်ဆုံစည်းရိုက်ကူးထားတဲ့ သမိုင်းနောက်ခံဒရာမာလေးကို ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ Channel 3 ကနေ အပတ်စဉ် ဗုဒ္ဓဟူး ကြာသပတေးနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပြီး အပိုင်း (၁၀)ပိုင်းပါဝင်မှာဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
ခမ်ဒူအမ်ဟာ မိန်းမလေးဖြစ်ပေမယ့် မကျန်းမာတဲ့ ဖခင်ကိုယ်စား ကျွဲပို့ဆောင်ရေးခေါင်းဆောင်တာဝန်ယူကာ ကျွဲပို့ဆောင်ရေးကို လုပ်ကိုင်နေပါတယ်။ မှော်အတတ်ဖြင့် မြို့ရွာများတွင် သောင်းကျန်းနေတဲ့ သူခိုးဓါးပြရန်က ကာကွယ်ဖို့ ထုန်ယိုင်မြို့တော်က သေနတ်များကို နိုင်ငံခြားမှ ဝယ်ယူကာ ခုခံရန်ပြင်ဆင်နေချိန်လည်းဖြစ်ပါတယ်။
အဲဒီအချိန်မှာမှူးမတ်မျိုးနွယ်ရဲ့ဇနီးသည်သေဆုံးသွားတဲ့အတွက် ဓလေ့အရ မှူးမတ်မျိုးနွယ်က သားကြီးတွေက ရဟန်းခံရဖို့ ရှိလာပါတယ်။ ခွန်အေ့ဟာ ဘာသာစကားကျွမ်းကျင်တဲ့အတွက် သေနတ်ဝယ်ယူရေးကိုယ်စားလှယ်ခန့်အပ်ခံရခါနီး တစ်ဦးတည်းသောသားဖြစ်နေလို့ ရဟန်းခံရဖို့ဖြစ်လာပါတယ်။ ဒါကိုရှောင်တိမ်းဖို့ မင်္ဂလာဆောင်ပြီးကြောင်း သူ့ဖခင်က လိမ်လည်ပြောကြားလိုက်တဲ့အခါ ခွန်အေ့အနေနဲ့အမြန်ပဲ မိန်းမရှာဖို့ ဖြစ်လာပါတော့တယ်။ မိန်းမရှာရင်းကနေ ခမ်ဒူအမ်နဲ့ ဆုံမိရင်း ခမ်ဒူအမ်ကိုပဲ မိန်းမတော်ဖို့ စည်းရုံးလိုက်ပါတော့တယ်။
သောင်းကျန်းနေတဲ့သူခိုးဓါးပြရန်၊ ရှုပ်ထွေးတဲ့ နိုင်ငံရေးပရိယာယ်တွေကြားမှာ ခွန်အေ့တစ်ယောက် တောသူအရိုင်း ကျွဲထိန်းခေါင်းဆောင် ခမ်ဒူအမ်ကို မိန်းမတော်လိုက်တဲ့အခါ.....