Movie Name
To The Moon (2025)
Year
2025
Generes
Comedy, Drama, Romance
Code
SKR1119
Type
Series
Size
5.17 GB
Country
Korea
Description
1-12 Complete Jung Da-hae(Lee Sun-Bin) ဟာ ငယ်စဉ်က ဆင်းဆင်းရဲရဲ ကြီးပြင်းခဲ့ရပေမဲ့လည်း အခုအခါမှာတော့ Marone မုန့်အချိုကုမ္ပဏီရဲ့ မားကတ်တင်းအဖွဲ့မှာ လက်ရှိ စာချုပ်ဝန်ထမ်းအဖြစ် လုပ်ကိုင်နေပြီးတော့ အချိန်ပြည့်ဝန်ထမ်းဖြစ်ချင်နေပေမဲ့လည်း အခက်တွေ့လို့နေပါတယ်။ သူမဟာ အရောင်းအဖွဲ့မှ Kang Eun-Sang(Ra Mi-Ran) ၊ စာရင်းကိုင်အဖွဲ့မှ Kim Ji-Song(Jo A-Ram) တို့နဲ့ လည်း ရင်းနှီးတဲ့ဆက်ဆံရေးရှိသူလည်းဖြစ်ပါတယ်။ Kang Eun-Sang ကတော့ အမြဲတမ်း ငွေဝင်ဖို့အရေးကိုသာ စဉ်းစားနေပြီး သူမရဲ့အိပ်မက်ကတော့ ပိုက်ဆံအများကြီး ရှာနိုင်ဖို့ပါပဲ။ Kim Ji-Song ကတော့ YOLO ဆိုတဲ့စကားကို လက်ကိုင်ထားကာ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ဖို့ကိုပဲ အာရုံစိုက်ထားတဲ့လူလည်းဖြစ်ပါတယ်။ တစ်ရက်မှာတော့ Kang Eun-Sang ဟာ ငွေရှာဖို့အတွက် ကျန်တဲ့နှစ်ယောက်ကိုပါ digital coins မှာ ရင်းနှီးမြှုပ်နှံဖို့အတွက် မဲဆွယ်လာပါတော့တယ်။ တစ်ဖက်မှာလည်း Ham Ji-Woo(Kim Young-Dae) ဟာ ငယ်ရွယ်ချောမောပြီး ဒေတာစီမံခန့်ခွဲရေအဖွဲ့မှာ ဒါရိုက်တာဖြစ်နေပေမဲ့ တကယ်တမ်းမှာတော့ သူဟာ သူ့ရဲ့ဘဝကို စိတ်ကျေနပ်မှုမရှိပါဘဲ အိပ်မက်တွေ ရည်မှန်းချက်တွေဟာ တဖြည်းဖြည်း ပျောက်ကွယ်လာလို့နေပါတယ်။ အဲဒီအချိန်မှာ အလုပ်ကြိုးစားနေသူလေး Jung Da-hae နဲ့တွေ့ဆုံကာ သူ့ဘဝရဲ့အိပ်မက်နောက်ကို ပြန်လိုက်ဖို့ ဖြစ်လာပါတော့တယ်။ ကုမ္ပဏီဝန်ထမ်းချင်းတူပေမဲ့လည်း အကျင့်စရိုက်တွေ၊ခံယူချက်တွေ၊အခြေအနေနဲ့ ရည်မှန်းချက်တွေ မတူညီကြတဲ့ သူတို့လေးယောက်ရဲ့ လုပ်ငန်းခွင်ဘဝနဲ့ ကြိုးစားပုံတွေကို ဟာသ‌လေးနှောပြီး ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် စောင့်မျှော်ကြည့်ရှုကြည့်ကြပါဦးနော်။