Movie Name
Walking On Thin Ice (2025)
Year
2025
Generes
Crime, Drama
Code
SKR1120
Type
Series
Size
5.03 GB
Country
Korea
Description
1-12 Complete ဒီတစ်ခေါက် အသစ်ထွက်ရှိလာတဲ့ ဇာတ်လမ်းတွဲလေးကတော့ ချန်ဂင်လို့ လူသိများတဲ့ မင်းသမီး Lee Young-Aeနဲ့ Triggerထဲက ဗီလိန်ကိုကို Kim Young-Kwangတို့ အဓိကပါဝင်ထားတဲ့ Crime/Thriller Seriesလေးပဲဖြစ်ပါတယ်။ -ဇာတ်လမ်းအညွှန်း- ဂန်အွန်းဆူ (Lee Young-Ae) ဟာ ကြီးကျယ်ခမ်းနားတဲ့ဘဝကို တစ်ခါမှ အိပ်မက်မမက်ဖူးဘဲ ခင်ပွန်းဖြစ်သူနဲ့ သမီးလေးတို့နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်ဖို့ပဲ ဆန္ဒရှိတဲ့ သာမန်အိမ်ထောင်ရှင်မတစ်ယောက်ပါ။ ဒါပေမဲ့လည်း ခင်ပွန်းဖြစ်သူမှာ ကင်ဆာရောဂါရှိနေတယ်ဆိုတာ ရုတ်တရက် သိလိုက်ရတဲ့နောက်မှာတော့ ငွေကြေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်လာရပါတော့တယ်။ ဒီလိုနဲ့ တစ်နေ့ အွန်းဆူတစ်ယောက် မူးယစ်ဆေးဝါးတွေပါတဲ့ အိတ်တစ်အိတ်ကို မထင်မှတ်ဘဲ ရှာတွေ့ခဲ့ပြီး အဲဒီမူးယစ်ဆေးဝါးအိတ်ဟာ သမီးဖြစ်သူရဲ့ကျောင်းမှ အနုပညာဆရာဖြစ်တဲ့ အီဂယောင်း (Kim Young-Kwang)နဲ့ ဆက်စပ်နေတယ်ဆိုတာ သိလိုက်ရပြီးနောက် မိသားစုအတွက် ငွေကြေးလိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် အွန်းဆူဟာ အီဂယောင်းနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီး မူးယစ်ဆေးလောကထဲကို ခြေစုံပစ်ဝင်ခဲ့ပါတော့တယ်။ ဒီလိုနဲ့ အွန်းဆူနဲ့ အီဂယောင်းတို့ရဲ့ မူးယစ်ဆေးလုပ်ငန်းဟာ အလုပ်ဖြစ်လာတာနဲ့အမျှ မူးယစ်ဆေးဝါးစုံစမ်းစစ်ဆေးရေးဌာနက စုံထောက် ဂျန်ထယ်ဂူ (Park Yong-Woo) အပါအဝင် ရဲတွေရဲ့ သတိထားမိခြင်းကို ခံလာရပြီး မရောရာတဲ့ အနာဂတ်နဲ့ ရင်ဆိုင်လာရတဲ့ သူတို့နှစ်ဦးသား အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်သွားမလဲဆိုတာကို အပတ်စဥ် စနေ၊ တနင်္ဂနွေနေ့တိုင်းမှာ တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။