Movie Name
Kiss (2025)
Year
2025
Generes
Comedy, Drama, Fantasy, Romance
Code
IND1757
Type
Movie
Size
1.06 GB
Country
Bollywood
Description
အသစ်ထွက်ရှိလာတဲ့ တမီလ်ထူးခြားဆန်းကြယ်အချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဟိုးရှေးရှေးတုန်းက တိုင်းရေးပြည်ရာမှာ အရမ်းကြပ်မတ်ခဲ့တဲ့ ဘုရင်တစ်ပါးရှိသတဲ့။ နိုင်ငံကိုကာကွယ်ဖို့ အချစ်ရေးတိုင်းကို ပိတ်ပင်ထားသတဲ့ ချစ်မိသွားရင် အာရုံမစိုက်နိုင်မှာစိုးတဲ့ဘုရင်က အတွဲတိုင်းကို သေကွဲကွဲအောင် ခွဲခဲ့တာပေါ့ ဒါပေမဲ့ အချစ်စစ်ဆိုတာကလည်း အတားအစီးတွေကြားကကို ပေါက်ဖွားလာတတ်တာပဲမလား စစ်သည်တော်တစ်ဦးက မိန်းမပျိုလေးတစ်ဦးနဲ့ ချစ်မိပါလေရော မိန်းမပျိုလေးက ဘယ်လောက်ချစ်မိသွားလဲဆိုရင် သူ့ချစ်သူစစ်တိုက်ရတဲ့နေရာတိုင်းကို စစ်သည်တော်ဝတ်စုံဝတ်ပြီး လိုက်သတဲ့လေ ဒါပေမဲ့လည်း ဖြစ်ရမဲ့ကံပါရင် ရှောင်လွှဲလို့မရလေတော့ ဘုရင်ကသိသွားပြီး အရှင်လတ်လတ်မီးရှို့စေခဲ့တယ် ဒီ၂ယောက်ရဲ့ နောက်ဆုံးအချိန်မှာ ဘုရင်ကို ဘဝအဆက်ဆက် အချစ်ရေးနဲ့ပတ်သက်ပြီး ကျိန်စာတိုက်ခဲ့တယ် ချစ်ရေးချစ်ရာကို အယုံအကြည်မရှိတဲ့ ဘုရင်ကတော့ အဲဒီဘဝမှာ လှောင်ရယ်နေခဲ့တာပေါ့။။ မျက်မှောက်ခေတ် -နယ်ဆင်က အိမ်ထောင်ရေးပြိုပျက်ခဲ့တဲ့မိသားစုက လာသူမို့ အချစ်ဆိုတာကို အယုံအကြည်မရှိတဲ့သူ။ တစ်နေ့မှာတော့ ဆာရာပေးလိုက်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့စာအုပ်တစ်အုပ်ကြောင့် ထူးခြားတဲ့ စွမ်းအားတစ်ခု ပိုင်ဆိုင်သွားခဲ့တယ်။ အဲဒါကတော့ အနမ်းခြွေနေတဲ့ချစ်သူတွေကိုမြင်လိုက်ရင် သူတို့ရဲ့ အနာဂတ်အချစ်ရေးကံကြမ္မာကို မြင်နိုင်စွမ်းရှိသွားတာပါ။ ဒါပေမဲ့ သူမြင်လိုက်သမျှ အနာဂါတ်ကံကြမ္မာက ခွဲခွာခြင်းတွေချည်းဖြစ်နေခဲ့တယ်။ ကဲ ဒီသဘာဝလွန်စွမ်းအားတွေကို သူဘယ်လိုများ အသုံးချသွားမလဲ ဘာတွေဆက်ဖြစ်မယ်ဆိုတာကတော့ ။