-
Movie Name
-
Tomb Raiders. Secrets Of Tianxing Tomb (2025)
-
Year
-
2025
-
Generes
-
Drama
-
Code
-
CN1083
-
Type
-
Movie
-
Size
-
1.14 GB
-
Country
-
China
-
Description
-
အတွက် လျှို့ဝှက်ဆန်းကြယ်ရုပ်ရှင်တွေ ကြည့်ရတာ ကြိုက်တဲ့သူတွေအတွက် ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ထဲမှာ ပါပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့-
မင်ကော့ခေတ်မှာ အခြေတည်ထားပြီး ဘိုးဘွားအစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ ပညာရပ်ကို အားကိုးကာ ရှေးဟောင်းပစ္စည်း
အရောင်းအဝယ်လုပ်နေတဲ့ ဟူပါးရီး (Hu Bayi) နဲ့ သူ့ရဲ့ငယ်သူငယ်ချင်း ဝမ်ဖက်တီး(Wang Pangzi) တို့အကြောင်း ဖြစ်ပါတယ်။
တစ်နေ့မှာ သူတို့ဟာ ရှေးဟောင်းသုတေသနပညာရှင် ပါမောက္ခကျင်းနဲ့ သူ့တပည့် ကျန်းကော်တို့နဲ့ လမ်းမှာ ဆုံတွေ့ခဲ့ကြပါတယ်။
သူတို့အားလုံးဟာ ဝူရှန်းတောင်ကို အတူတူသွားခဲ့ကြပေမယ့် မမျှော်လင့်တဲ့ အန္တရာယ်တွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
တောင်ထဲကိုရောက်တဲ့အခါ သူတို့ဟာ ပိုင်ရှင်မဲ့အုတ်ဂူတွေရှိရာနေရာကို ရောက်သွားပြီး စိတ်ကိုခြောက်လှန့်စေတဲ့
မျက်လှည့်လိုနေရာထဲမှာ ပိတ်မိသွားကာ လူတွေဟာ ထူးဆန်းစွာ တစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်ကြပါတယ်။
ဟူပါးရီးဟာ သူ့ရဲ့မျိုးရိုးစဉ်ဆက် ပညာကိုသုံးပြီး အခက်အခဲအတားအဆီးတွေကို တစ်ခုပြီးတစ်ခု ဖြေရှင်းခဲ့ရာကနေ
တောင်ဂူဝင်ပေါက်တစ်ခုကို ရှာတွေ့ခဲ့ပြီး ဂူသင်္ချိုင်းထဲကို ဝင်ရောက်နိုင်ခဲ့ပါတယ်။ ဂူထဲရောက်တဲ့အခါ ဒီနေရာဟာ
လျောင်မင်းဆက်က ဘုရင်အတွက် ရတနာရှာဖွေပေးရတဲ့ ရွှေရောင်စစ်သူကြီးတစ်ဦးရဲ့ ဂူသင်္ချိုင်းဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။
ဂူသင်္ချိုင်းထဲမှာ ရတနာအများအပြားရှိနေပြီး အဲဒီရတနာအတွက်ပဲ ခေတ်အဆက်ဆက်က အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပါတယ်။
အခုတစ်ခေါက် ဟူပါးရီးတို့ရော သင်္ချိုင်းဂူထဲကနေ ဘေးကင်းစွာ ပြန်လာနိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။