Movie Name
Detective Kien The Headless Horror (2025)
Year
2025
Generes
Action, Horror, Thriller
Code
OT0244
Type
Movie
Size
894 MB
Country
Others
Description
ဗီယက်နမ်ခေတ်ကို နောက်ခံထားပြီးတော့ ထူးဆန်းမှု ထိတ်လန့်မှုတွေနဲ့အတူ သည်းထိတ်ရင်ဖို ရိုက်ကူးတင်ဆက်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ စုံထောက်ကြီး ကီယင်ဟာ ရွာတစ်ရွာမှာ ငွာလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ပျောက်ဆုံးနေတဲ့အမှုကို လိုက်ဖို့ဖြစ်လာခဲ့ပြီး အဲဒီကောင်မလေးကို ရွာကလူတွေကတော့ ရေနှစ်သတ်တဲ့သရဲ သတ်လိုက်တာလို့ ပြောနေကြတာပေါ့။ ရေနှစ်သတ်တဲ့သရဲဆိုတာကတော့ လွန်ခဲ့တဲ့ ၅နှစ်လောက်က သူတို့ရွာမှာ အကြောင်းအရင်းမရှိ ခေါင်းမပါတဲ့အလောင်းတွေ ရေကန်ဘေးမှာ တွေ့ရာကနေ ရေနှစ်သတ်တဲ့ သရဲဇာတ်လမ်း ပေါ်လာခဲ့တာပါပဲ။ ဒီလိုနဲ့ စုံထောက်ကီယင်တစ်ယောက် ပျောက်ဆုံးသွားတဲ့ ကောင်မလေး ငွာကို ရှာပုံတော်ဖွင့်ရင်း ရေနှစ်သတ်တဲ့သရဲဇာတ်လမ်းကိုပါ ဘယ်လိုဖြေရှင်းပေးမလဲဆိုတာကို ဟော်ရာဆန်ဆန် သည်းထိတ်ရင်ဖိုကြည့်ရှုရမဲ့ စုံထောက်ဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်ပါတယ်။